မြစ်တစ်စင်း၏ညနေ

ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
နာမည်က ‘လှလွန်းချို’ တဲ့။ လှသလောက် ချစ်ဖို့ကောင်းလွန်းတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ နောက်ပြီး ရိုးသား အပြစ်ကင်းစင်လွန်းတာကလည်း သူမရဲ့ ကြည်လင်ဝင်းပတဲ့ အလှကို ပိုပြီး ပြည့်စုံစေပြန်တယ်။ ဒါပေမယ့် လှလွန်းချိုဟာ လူနဲ့မလိုက်ဖက်အောင် သူမရဲ့ နေ့ရက်တွေက ချို့တဲ့နေခဲ့ပါတယ်။ ချမ်းချမ်းသာသာဘဝလေးနဲ့ဆိုရင် လှလွန်းချိုအတွက် လောကရဲ့ကောင်းခြင်းတွေနဲ့ အရာရာ ပြည့်စုံပြီလို့ ဆိုရမှာပါပဲ။ တစ်နေ့မှာတော့ အမှတ်မထင် သူမရဲ့ဘဝထဲကို ‘ဘုန်းသက်တန့်’ ဆိုတဲ့ သူတစ်ယောက် ဝင်ရောက်လာခဲ့တယ်။ မြင်ရုံနဲ့တင် ချမ်းသာကြွယ်ဝသူမှန်း သိသာထင်ရှားလွန်းတဲ့ ဒီယောက်ျားတစ်ယောက်ဟာ သူမရဲ့ နှလုံးသားတွေကို ယိမ်းထိုး လှုပ်ရှားစေခဲ့တာပေါ့။ မြင်မြင်ချင်းချစ်မိကြတဲ့ သူတို့နှစ်ယောက်မှာ သူမကတော့ ဘုန်းသက်တန့်ဆိုတာ ကြွယ်ဝချမ်းသာသူ မဟုတ်ဘဲ ရိုးရိုး သာမန်အလုပ်သမားတစ်ယောက်သာ ဖြစ်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးတွေနဲ့ မွန်းကျပ်နေ မိပါတယ်။ အဲဒီ ချမ်းသာကြွယ်ဝခြင်းတွေကပဲ သူမရဲ့ဘဝကို ကစဥ့်ကလျား ဖြစ်စေခဲ့တာဆိုတော့ … “မြစ်တစ်စင်းရဲ့ ညနေ” ဟာ ဘယ်လောက်ထိ ရင်ဖိုမောစေမလဲဆိုတာ ခံစားရအောင် ဒီဝတ္ထုကိုလည်း ဖတ်ရှုပါဦးလို့ … ။