ခလုတ်တိုက်ရင်လည်း ဆက်လျှောက်ပါချစ်သူ

ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
ဘဝဆိုတာများကို ကိုယ်ဖြစ်စေချင်သလို ဖြစ်တတ်တာမျိုး မဟုတ်ပါဘူး။ ‘တောရ’ ဆိုတဲ့ လူငယ်တစ်ယောက်ဟာလည်း ငယ်စဉ်ကတည်းက ကိုယ့်ဘဝကို ကိုယ်ဖြစ်ချင်သလို ဖြစ်စေနိုင်ခဲ့သူ မဟုတ်ပါဘူး။ ရုံးဝန်ထမ်း မိသားစုတစ်စုက မွေးစားခဲ့လို့သာ အရွယ်ရောက် လူလားမြောက်ခဲ့ရတဲ့ တောရမှာ မွေးစားမိဘရဲ့ သားအရင်း မိုးရ နဲ့ ဟိုးရ နှစ်ယောက်ကို ဘယ်အရာမဆို ဦးစားပေးခဲ့ရတာကလည်း နေသားကျနေခဲ့ရပါတယ်။ ဒီလိုနဲ့ တောရတစ်ယောက် တစ်နေ့မှာတော့ စုံစုံမက်မက် ချစ်ခင်မြတ်နိုးရတဲ့ မိန်းကလေးတစ်ယောက် ရှိလာခဲ့တယ်။ ‘နွေမဒီ’ တဲ့။ သူမမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေရရင်ကို အရာရာပြည့်စုံတဲ့ ချစ်ခြင်းနဲ့ တောရ ချစ်နေမိတာပါ။ ဒါပေမယ့် ဒီလိုချစ်ရတဲ့သူကို မိုးရက ကြိုက်နှစ်သက်ကြောင်း ဆိုလာပြန်တော့ တောရမှာ နှမလက်လျော့နေလေရော့ ဖြစ်ရပြန်တယ်။ နွေမဒီကတော့ တောရရဲ့ အဲဒီအလျော့ပေးမှုကို အားမလိုအားမရဖြစ်ရင်း တောရဆီက ရဲဝံ့တဲ့ ချစ်ခြင်းတစ်စုံကို မျှော်နေမိတယ်။ ဒီလိုနဲ့ပဲ ဆရာမဆုလေးနွယ်ဟာ သူ့ရဲ့ “ခလုတ်တိုက်ရင်လည်း ဆက်လျှောက်ပါ ချစ်သူ” ဝတ္ထုမှာ ချစ်ခြင်းရဲ့ ရဲဝံ့ခြင်း သတ္တိကို ဖော်ညွှန်းထားတာက စာဖတ်ပရိတ်သတ်တွေအတွက် သိင်္ဂါရအလှကို ခံစားနိုင်မှာပါ။ ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျ။