လရောင်နမ်းတဲ့ ပန်းလိပ်ပြာ

ဆုဆုလင်းရှိန်(နည်းပညာတက္ကသိုလ်)

အခမဲ့
> ခန့်ညားအောင် < အချစ်ဆိုတာ လှပခြင်း တောက်ပြောင်ခြင်း ခမ်းနားခြင်းတို့နဲ့ ဖွဲ့စည်းထားတာ၊ ကျွန်တော်က ငယ်ငယ်လေးကတည်းက လှလှပပလေးတွေပဲ သဘောကျခဲ့တာ၊ အဲဒီအကျင့်က ကျွန်တော့်ရဲ့ အချစ်ရေးမှာ ဒုက္ခပေးခဲ့လိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး … > နွေသက်ခါး < ယောက်ျားတွေက သူတို့ရဲ့ သဝန်တိုမှုကို မိန်းမတွေကို စွပ်စွဲခြင်း၊ မယုံသင်္ကာဖြစ်ခြင်းနဲ့ အဆုံးသတ်ကြတယ်။ မိန်းကလေးတွေက သူတို့ရဲ့ သဝန်တိုမှုကို မျက်ရည်တွေ၊ အသနားခံမှုတွေနဲ့ အဆုံးသတ်ကြတယ်။ ငါတို့ မိန်းကလေးတွေကလေ ကိုယ့်ချစ်သူက ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ တန်ဖိုးထားခြင်း ဆိုတဲ့ အရာကို အရမ်းကို လိုချင်ကြတာ … > ဟန်ဘုန်းရှိန် < မင်းကို စော်ကားတဲ့ အပြောမျိုး မပြောနဲ့၊ အထင်သေးတဲ့ မျက်လုံးလေးနဲ့ ကြည့်မှာတောင် ကိုယ့် အသည်းထဲမှာ နာတယ်။ မင်းပျော်ဖို့ အတွက်ဆို ကိုယ့်ရဲ့ နှလုံးသားကိုတောင် ချနင်းပေးမယ့် ကောင်ပါကွာ … * * * * * "လူငယ်စာရေးဆရာမလေး ဆုဆုလင်းရှိန်ရဲ့ နာမည်ကြီး လက်ရာတစ်ပုဒ်"