ဒဿဂီရိကို ကျော်လွန်ခြင်း

ဆုဆုလင်းရှိန်(နည်းပညာတက္ကသိုလ်)

အခမဲ့
အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဖြစ်ပေမယ့် လူပျိုတစ်ယောက်လို ဟန်ဆောင်ပြီး အပျိုစင်ဘဝကို အပိုင်သိမ်းယူလိုက်သလို၊ ကိုယ်ဝန်ရလာတဲ့အခါမှာလည်း သန္ဓေသားကို အဓမ္မ ဖျက်ဆီးပစ်ခဲ့တဲ့ လူယုတ်မာတစ်ယောက်ကို ချစ်ဦးသူအဖြစ် ယုံစားမိခဲ့ပြီးမှ နာနာကြည်းကြည်း လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ‘ဆုလွန်းသစ္စာ’ ရည်ရွယ်ချက်တစ်ခုအတွက် မိမိဆီ ချဉ်းကပ်လာပြီး မိမိကို ချနင်းလို့ သူ့ရည်ရွယ်ချက်ကို အောင်မြင်ဖို့ ကြိုးစားနေသူမှန်း သိပေမယ့် ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ အရာရာကို ခွင့်လွှတ်ပေးပြီး ဘာတစ်ခုမှ သိမထားပုံမျိုးနဲ့ ဟန်ဆောင်ပေးခဲ့တဲ့ ‘ဘုန်းနေလ’ အစ်မဖြစ်သူကို ဖျက်ဆီးခဲ့တဲ့ လူတစ်ယောက်ဆီမှာ တပည့်ခံ၊ အရာရာ ပုံအပ်ပေးဆပ် အစတေးခံပြီး အားလုံးရဲ့အမြင်မှာ ဗီလိန်တစ်ယောက်အဖြစ် ရုပ်လုံးပြခဲ့ပေမယ့် … ကံဆိုးခဲ့ရတဲ့ ဘဝအခြေအနေတွေကို ဖြတ်သန်းခဲ့ရသူ ‘ပပစိုး’ ကိုယ် ဖြစ်ချင်တာ တစ်ခုတည်းအတွက်နဲ့ သူတစ်ပါးဘဝတွေကို မစာနာ မထောက်ထား၊ ဖောက်ပြားဖျက်ဆီးခဲ့သူ ‘ရဲရင့်ပိုင်’ နူးညံ့လှတဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးတွေဟာ ဒဿဂီရိဘီလူးထက် ပိုပြီး ကြမ်းတမ်းလာတဲ့ အခါမှာ … ဒဿဂီရိကို ကျော်လွန်တဲ့ ဘီလူးဆိုင်းတီးအကကြောင့် ဘယ်လို အရူးမီးဝိုင်း ဖြစ်ရလေမလဲ ဆိုတာ … ဆုဆုလင်းရှိန်ရဲ့ ဒဿဂီရိကို ကျော်လွန်၍ … ဝတ္ထုရှည်မှာ စိတ်ဝင်တစား ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။