လက်တွေ့အင်္ဂလိပ်စကားပြော

ဆရာလှသမိန်

800 Kyats ကျပ်
အင်္ဂလိပ်ဘာသာစကားဟာ ကမ္ဘာသုံးဘာသာစကားတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိဖြတ်သန်းနေတဲ့ ခေတ်ဟာ ပညာခေတ်၊ အိုင်တီခေတ်၊ ဖြစ်တဲ့အတွက်၊ အင်္ဂလိပ်ဘာသာဟာ နေ့စဉ်ဘဝ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေး၊ လုပ်ငန်းခွင်အပါအဝင် နယ်ပယ်အသီးသီးမှာ အရေးပါ အရာရောက်တဲ့ ကဏ္ဍတစ်ခုပါပဲ။ ဒါကြောင့် အင်္ဂလိပ်ဘာသာစကားကနေတစ်ဆင့် ကျွန်တော်တို့ဟာ ကမ္ဘာ့သုတ၊ ရသတွေကို ကူးလူးဆက်နွှယ် ရယူခံစားနိုင်မှာလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား တတ်ကျွမ်းတဲ့ သူတွေဟာ လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ဝန်းစေပြီး အခြားသူတွေထက် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်ပါတယ်။ မျိုးချစ်စိတ် ထက်သန်တဲ့ ပန်ဒစ်ဂျဝါဟလာလ်နေရူးက ဒီလို ပြောခဲ့ပါတယ်။ ‘ကျုပ်တို့ လွတ်လပ်ပြီ၊ ဒါကြောင့် အင်္ဂလိပ်စကားကို ပိုပြီး လေ့လာလိုက်စားရမယ်’ တဲ့။ အင်္ဂလိပ်ဘာသာ တတ်တယ်လို့ ဆိုတဲ့ နေရာမှာ အရေး၊ အဖတ်၊ အပြန်အလှန် ဘာသာပြန်တတ်ရုံတင်မကဘဲ နှုတ်မှု ပြောဆိုနိုင်စွမ်းကလည်း အရေးပါပြန်ပါတယ်။ အင်္ဂလိပ်ဘာသာကို ဘွဲ့ရတဲ့အထိ ရေးတတ်၊ ဖတ်တတ်၊ ဘာသာပြန်တတ်ရင်တောင်မှ အလေ့အကျင့်မရှိရင် ပြောတတ်၊ နားထောင်တတ်ဖို့က အခက်အခဲရှိတယ်ဆိုတာလည်း ဖြစ်တတ်တဲ့ သဘောပါပဲ။ ဒီစာအုပ်လေးက မိတ်ဆွေတို့ရဲ့ အင်္ဂလိပ်စကား အပြောအဆိုရှိဖို့၊ နားထောင်ကျင့်ရှိဖို့အတွက် နှုတ်သွက်လျှာသွက် ရှိအောင် လေ့ကျင့်ခန်းတွေ အများကြီး ပါဝင်တာမို့ အင်္ဂလိပ်စကားပြောအတွက် အကူအညီ ပေးနိုင်မယ့် စာအုပ်ပါပဲ။