ဆင်သင်္ချိုင်း

ဆရာနက္ခတ်

200 Kyats ကျပ်
မကွေးမြို့မှာ နေထိုင်တဲ့ အသက် (၇၅) နှစ်အရွယ် လူကြီးတစ်ဦးဆီက စာတစ်စောင်နဲ့အတူ ထူးခြားဆန်းကြယ်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သစ်တောဝန်ထောက် ဦးညိုရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေက စိတ်ဝင်စားစရာအတိပြီးနေပါရဲ့။ ဆင်သင်္ချိုင်းဆိုတာကို စာချစ်သူတို့ ကြားဖူးကြမှာပေါ့။ အံ့သြဖွယ်ရာတွေ၊ စိတ်ဝင်စားစရာတွေ၊ သွေးပျက်ချောက်ချားစရာ အန္တရာယ်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခု။ ဂမ္ဘီရဆန်တဲ့ နေရာတစ်ခု။ ဆင်သင်္ချိုင်းကို မထင်မှတ်ဘဲ မျက်စိလည်လမ်းမှား ရောက်ရှိသွားတဲ့ လူတစ်စုရဲ့ ရင်ထိတ်သည်းဖို ဖြစ်ရပ်တွေက စာဖတ်သူကို ဇာတ်လမ်းမပြီးဆုံးစေချင်တဲ့ စိတ်ခံစားမှုမျိုးတွေ ဖြစ်စေလောက်အောင် ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။