ဉာဏ်ကြီးရှင်ဝေရှောင်ပေါင် စာစဉ်-၇

ဆရာခွန်

400 Kyats ကျပ်
စာမြည်း ✅ “လက်စသတ်တော့ ဒီသခင်မလေးက ငတုံးမလေးပါလား... မုနန်းတော်က လူတွေက ဒီလိုပါပဲလေ အကုန်လုံး ငထုံ ငထိုင်းတွေံချညးပဲ သူတို့ မျိုးနွယ် နာမည်နဲ့ မလိုက်ဘူး“ သူက ပြောလိုက်သည်.. “မင်းပြောတာ မှန်တယ်။ ငါ့မှာဖြင့် မင်း တစ်ယောက်ထည်း ကြောက်နေမှာစိုးလို့ ပုလဲ အမြန်ရအောင် ဆိုပြီး မြို့ထဲမှာ ဟိုပြေးသည်ပြေးနဲ့ ပြေးခဲ့ရတာ မောနေတာပဲ။ မင်းအတွက် ပုလဲလုံးကိုလည်း အမြန်ဆုံးရချင်တယ်။ အရည်အသွေး ကောင်းတာလဲ လိုချင်တဲ့ အခါကျတော့ တစ်ဆိုင် ဝင်ကြည့်လိုက် ငါ့အကြိုက် မတွေ့တာနဲ့ ပြန်ထွက် နောက်တစ်ဆိုင်ကို ပြေးလိုက်နဲ့ ကြာတော့ မင်းအတွက် စိတ်ပူတာက တစ်ဖက် မောလဲ မောဆိုတော့ တစ်ခါထဲ မှောက်ရက်လဲတော့တာပဲ” “ဟင် ရှင်ရှင် နာသွားသေးသလားဟင် မုသခင်မလေးက ညင်သာသည့် လေသံဖြင့်မေးလိုက်သည်။