ဉာဏ်ကြီးရှင်ဝေရှောင်ပေါင် စာစဉ်-၎

ဆရာခွန်

400 Kyats ကျပ်
စာမြည်း ✅“လျှို့ဝှက် ရတနာခန်း ဟုတ်လား အင်း ထူးတော့ ထူးနေပြီ .. ဒါနဲ့ မင်း ဟို ကျမ်းစာအုပ်တွေရော တွေ့မိသလား” ထိုအရာရှိက... “ဒီအိမ်ထဲမှာ ဘာ ကျမ်းစာအုပ်မျိုးမှ မတွေ့ရသေးပါဘူး ခင်ဗျ။ကျွှန်တော်တို့တွေ အစွမ်းကုန် ရှာခဲ့ကြပေမဲ့ စာရင်းစာအုပ်တွေပဲ တွေ့ပြီး ကျမ်းစာအုပ်ကိုတော့ မတွေ့သေးပါဘူးခင်ဗျ” ဆုန်ဂုတုက ဝေရှောင်ပေါင်၏ လက်ကို ဆွဲကာ အိုးဘို၏ အိပ်ခန်းတွင်းသို့ ဝင်လိုက်သည်။ အိပ်ခန်း၏ ကြမ်းပြင်ကို ကျားသားရေနှင့် ကျားသစ်သားရေများ ခင်းထားသည်။ အိပ်ခန်းနံရံများတွင် လေး၊ မြှား၊ ဓားကောက်၊ ဓားရှည်နှင့် လက်နက်မျိုးစုံတို့ကို ချိတ်ဆွဲထားသည်။ ကြမ်းတမ်းခက်ထန်သည့် မန်ချူးစစ်သည်တော် တစ်ယောက်၏ အိပ်ခန်း စင်စစ်ပင်တည်း။ လျှို့ဝှက်ရတနာသိုက်မှာ အိပ်ရာ ကုတင်အောက်မှ ကြမ်းပြင်အောက်တွင် တည်ရှိလေသည်၊ ထို မြေအေက်ခန်းကို အပေါ်မှ သံပြားဖြင့် ဖုံးအုပ်ထားသည်။