ကျေးလက်ရိုးရာမြန်မာမှုဓလေ့များ

ဆင်ဖြူကျွန်းအောင်သိန်း

1000 Kyats ကျပ်
ဒီစာအုပ်ကို ဘိုးဘွားဘီဘင်တို့ရဲ့ အမွေအနှစ်တွေကို သိရှိပြီး အတုနဲ့အစစ်ကို ခွဲခြားသိမြင်စေရန်၊ ခွဲခြားသိမှ အစစ်ကိုမြတ်နိုးရန်၊ ထိန်းသိမ်းရန် အားထုတ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုစုထားတာဖြစ်တယ်လို့ ဆိုထားပါတယ်။ စာအုပ်ထဲမှာ ခေတ် နောက်ကျလေ့ကျထရှိတဲ့ ကျေးလက်တောရွာတွေမှာတောင် ပျောက်ကွယ်စပြုနေပြီဖြစ်တဲ့ အသုံးအဆောင်တွေ၊ ကစားခုန်စားမှုကလေးတွေနဲ့ ထုံးဓလေ့တွေပါဝင်ပါတယ်။ ရက်ချုပ်၊ ဇာတာ၊ ပေ၊ ပုရပိုက်၊ သစ်သားသင်ပုန်း၊ ကြိတ်ဆုံ၊ မောင်းဆုံ၊ ထွေပစ်ကစားခြင်း၊ မြန်မာကလပ်ဂျင်၊ ထိုးလားမီးစာ၊ ရသေ့ စိတ်ဖြေနှင့် ဆိုင်းစသည်တို့၏အကြောင်းများ၊ ကွက်စိပ်ဆရာ၊ ဦးချသောဓလေ့၊ ထမင်းဦးပေါင်း၊ ဆေးအစ်တည်ခြင်း၊ ဗျပ်ခွက်၊ ဆီမီးခွက်၊ နှမ်းဖတ်ချဉ်၊ နာရီဆုပ်၊ ခေါစာပစ်၊ ညောင်ထောက်၊ တံတားခင်း၊ ရေချမ်းစင်ဓလေ့၊ ဗလီကစားခြင်းနဲ့ တုံးလုံးပွဲ စတာတွေရဲ့ သဘောသဘာဝတွေကို လေ့လာနိုင်မယ့် စာအုပ်ဖြစ်လို့ အခုပဲတင်ဆက်ပေးလိုက်ပါတယ်။