မြစ်တို့၏သဘော

ဆင်ဖြူကျွန်းအောင်သိန်း

600 Kyats ကျပ်
>> ဆရာဆင်ဖြူကျွန်းအောင်သိန်းရဲ့ နာမည်ကြီး ဝတ္ထု။ ဒီဝတ္ထုရဲ့ နောက်ခံကာလက (၁၉၅၀) ခုနှစ်ထက် စောတဲ့ကာလ။ နောက်ခံဒေသက ရန်ကုန်။ အဲဒီကာလက မြန်မာနိုင်ငံကို အုပ်စိုးတဲ့ ဖဆပလ အစိုးရ ထိုင်ခုံလှုပ်နေတဲ့အချိန်။ တက္ကသိုလ်မှာ ဖဆပလ ထောက်ခံသူတွေကို ငွေနဲ့ကျားကန်ထားရတဲ့အချိန်။ ဖဆပလ အစိုးရရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကလည်း အပြောခံနေရချိန်။ မြန်မာကုန်သည်တွေ အပင်ပန်းခံပြီး အရောင်းအဝယ်မလုပ်၊ ကုန်သွယ်လိုင်စင်ကျလာရင် အမြတ်ယူပြီး ရောင်းစားကြတဲ့အချိန်။ အဲဒီအချိန်ကာလကို နောက်ခံပြုပြီးရေးသားထားတာပါ။ ဒီစာအုပ်ကို (၁၉၆၆) ခုနှစ်က ပထမဆုံးအကြိမ်ထုတ်ဝေခဲ့တယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိတဲ့ဆောင်ပုဒ်က လွှမ်းမိုးနေချိန်မို့ ဒီဇာတ်လမ်းထဲမှာလည်း ဒီဆောင်ပုဒ်ရဲ့ လွှမ်းမိုးမှုပါဝင်နေနိုင်ပါတယ်လို့ ဆရာက အမှာစာအမှာဆိုထားပါတယ်။ ဘယ်လိုဝတ္ထုဇာတ်လမ်းလဲ ဆိုတာ!