သကၠရာဇ္ခ်ိတ္တဲ့မိုး

ဆက်မင်းနောင်(ရူပ)

200 Kyats ကျပ်
ကျောင်းဆရာမ၊ စာရေးဆရာမလေး နေရိပ်ညို။ တစ်နေ့မှာ ဆရာမလေး နေရိပ်ညိုဆီ ဖုန်းနံပါတ်အသစ်နဲ့ လူတစ်ယောက် ဖုန်းဆက်လာခဲ့ပါတယ်။ အဲဒီလူက သူ့ကိုယ်သူ စာတိုပေစ လေးတွေ ရေးနေတဲ့ စာရေးဆရာပေါက်စလို့ မိတ်ဆက်ပြီး ဆရာမလေးနေထိုင်ရာ ပုသိမ်မြို့နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေအကြောင်း မေးမြန်းခဲ့တယ်။ အဲဒီလူ နာမည်က သက္ကရာဇ်တဲ့။ ဒီလိုနဲ့ ဆရာမလေးနေရိပ်ညိုနဲ့ သက္ကရာဇ်တို့ဟာ မကြာခဏ ဖုန်းဆက် စကားပြောရင်း ရင်းနှီးခဲ့ကြပါတယ်။ ပုသိမ်မြို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မကြာခဏ ပြောဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်အကြားမှာ လွဲနေတဲ့ အရာတွေ ရှိနေခဲ့တယ်။ အဲဒီအရာတွေက ဘာတွေလဲ၊ ဘယ်လို ထူးခြားဆန်းကြယ်မှုတွေ ရှိမလဲ၊ ဒါက ဒီဇာတ်လမ်းရဲ့ အသက်ပါပဲ။ သမားရိုးကျ အချစ်ဇာတ်လမ်းမျိုး မဟုတ်ဘဲ နောက်ကွယ်မှာ ရှိနေတဲ့ လွဲချော်နေမှုတစ်ခုက ဒီဇာတ်လမ်းကို လှလှပပ ဇာတ်သိမ်းပေးသွားနိုင်ခဲ့ပါတယ်။ ကဲ … ဒီဇာတ်လမ်းရဲ့ လျှို့ဝှက်ချက်ကိုတော့ စာဖတ်သူတို့ကိုယ်တိုင် ဖတ်ကြည့်ပြီး ဟာခနဲ ဟင်ခနဲ ခံစားစေချင်တာကြောင့် ဒီလောက်ပဲ အမြည်းကျွေးပါရစေနော်။