နှစ်၃၀၀ချစ်သူ

ဆက်မင်းနောင်(ရူပ)

400 Kyats ကျပ်
သုသတ္တိဆိုတဲ့ ကောင်လေးက ဖုန်းဆိုင်မှာ အလုပ်လုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်ရက်မှာ အလုပ်နောက်ကျလို့ အပြေးအလွှားသွားရင်း ကားပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့ စကားများခဲ့တယ်။ လူတွေဟာ ကံပါလို့ တွေ့ဆုံကြပြီးရင် ရေစက်ရှိနေတဲ့အခါ နောက်ထပ် နောက်ထပ် တွေ့ဆုံပတ်သက်စရာ အခြေအနေတွေ ပေးလာတတ်တယ် မဟုတ်လား။ သုသတ္တိနဲ့ အဲဒီကောင်မလေး ပြန်ဆုံတွေ့ဖို့ ဖြစ်လာပြန်တယ်။ ကောင်မလေးနာမည်က ရတုတဲ့။ အစပိုင်း ဆုံတွေ့မှုမှာ သူတို့ မတည့်ကြပေမဲ့ အချစ်ရဲ့ ထူးခြားဆန်းကြယ်တဲ့ ဆွဲအားအတွင်း သူတို့ ပိတ်လှောင်မိပြီး ချစ်သူတွေဘဝ ရောက်ခဲ့ကြတယ်။ ဒါပေမဲ့ … ဇာတ်လမ်းက ဒီလောက် မရိုးရှင်းပါဘူး။ သူတို့ရဲ့ ပတ်သက်ဆက်နွယ်မှုက လွန်ခဲ့တဲ့ နှစ် (၃၀၀) က ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တစ်ခုက သူတို့ချစ်သူနှစ်ဦးနဲ့ ဆက်စပ်လာတဲ့အခါ …