ဆရာစာသင်နေသည်

ဆက်မင်းနောင်(ရူပ)

200 Kyats ကျပ်
ဝမ်းနည်းစရာကောင်းသလို ကြောက်ရွံ့ရင်ထိတ်စရာလည်းကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ပရလောကနောက်ခံ ဝတ္ထုတွေက အများအားဖြင့်တော့ ချောက်ချားစရာတွေ ဖြစ်ပေမဲ့ ဒီဇာတ်လမ်းလေးက စာဖတ်သူကို ရသအများကြီး ပေးနိုင်မှာပါ။ ဘာလို့လဲဆိုတော့ သနားစရာ၊ ဝမ်းနည်းစရာလေးတွေလည်း ပါဝင်နေတာကိုး။ တက္ကသိုလ်ကျောင်းတစ်ကျောင်းက တပည့်တွေကို ချစ်တဲ့ ကျောင်းဆရာကြီးတစ်ယောက်ရဲ့ စိတ်အစွဲတွေက သံဝေဂယူစရာလည်း ကောင်းပါတယ်။ အမျှဝေတာတောင် သာဓုမခေါ်နိုင်တဲ့ စိတ်အစွဲဟာ လူတွေကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်သလဲဆိုတာ ဆင်ခြင်ကြည့်ရင် ကြောက်စရာပါပဲ။ ဒီအစွဲတွေကြောင့်ပဲ သံသရာရှည်ကြ၊ ဒုက္ခတွေရောက်ကြ၊ ပင်ပန်းဆင်းရဲကြ၊ မျက်ရည်ကျကြရနဲ့လေ။ စာသင်ခန်းထဲက ဆရာတစ်ယောက်ရဲ့ အစွဲတွေကလည်း ဘယ်လောက်အထိ ထိတ်လန့်စရာ၊ ရင်နင့်စရာ၊ ကရုဏာသက်စရာ ကောင်းမလဲဆိုတာတော့ …