တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ

Swae Nyoe Team

600 Kyats ကျပ်
ဒီ Novel က စွဲညို့ရဲ့ ဖန်တီးမှုအသစ်။ မညွှန်းဘဲ မနေနိုင်အောင်ကို တစ်ခါဖတ်ပြီး နောက်ထပ်ဖတ်ချင်စိတ်ဖြစ်အောင် ကောင်းလွန်းပါတယ်ဗျာ။ အခု၊ စွဲညို့ရဲ့ ရေးသားပုံနဲ့ Boy's Love ဇာတ်လမ်းက တခြား Novel နဲ့မတူဘူး။ ဆန်းသစ်တယ်။ ဇာတ်လမ်းအသွားအလာ သိမ်မွေ့တယ်။ >>> ဝတ္ထုထဲက ကာလက နတ်ဘုရားတွေကိုတောင် သက်ရှိအဖြစ် တစ်တန်းတည်း သတ်မှတ်ကြတဲ့ အခြေအနေတစ်ခုမှာပေါ့။ အဲဒီကာလမှာ ရိုးရိုးသက်ရှိတွေက စွမ်းအားမသုံးနိုင်ကြဘူး။ နတ်တွေကတော့ ခြားနားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်။ အဲဒီအထဲမှာမှ စွမ်းအားအမြင့်ဆုံး နတ်ဘုရား (၁၀) ပါးရှိတယ်။ ရေခဲတွေ၊ အအေးဓာတ်တွေကို ဖန်တီးနိုင်တဲ့ ပင်းရှီဆိုတဲ့ နတ်ဘုရားက သက်တမ်းအရင့်ဆုံးပါ။ အဲဒီဇာတ်လမ်းတွေနဲ့ စထားတော့ ကြိုက်ပြီလေပဲ။ စိတ်ဝင်စားဖို့ကောင်းတာကိုး။ ပင်းရှီရဲ့ စွမ်းအားက အံ့သြဖို့ကောင်းသလို၊ သက်တမ်းကြာလွန်းလို့ မှတ်ဉာဏ်တွေ၊ လူမှုရေး အသိစိတ်တွေပျောက်ဆုံးနေတဲ့ ကိစ္စလည်း စိတ်မဝင်စားဘဲ မနေနိုင်ဘူး။ သူကအေးအေးဆေးဆေး နေတတ်သူပီပီ သူ့နယ်မြေထဲကို ဘယ်သက်ရှိကိုမှ ပေးမဝင်ဘူး။ ဒါပေမဲ့ပေါ့လေ၊ တစ်နေ့မှာ သူ့နယ်မြေထဲကို လူတစ်ယောက် ရောက်လာတယ်။ ❤ သူက ရှီးပိုင် ... သာမန်လူသားတစ်ယောက်။ သူတို့နှစ်ယောက်ကြားမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ပြီး ရှီးပိုင်ကို ပင်းရှီက သူရဲ့အိမ်တော်မှာ မွေးဖို့ဆုံးဖြတ်လိုက်တယ်။ လူသားလေးရှီးပိုင်ကို မွေးနိုင်ဖို့ သူ့ရဲ့ကြိုးစားပုံတွေက ရယ်လည်းရယ်ရသလို ကြည်နူးဖို့လည်းအရမ်းကောင်းတယ် ☺ ❤ လူသားအကြောင်းသိဖို့ ကြိုးစားရင်း ပင်းရှီရဲ့ နှလုံးသားပါ နူးညံ့လာပြီး ရှီးပိုင်နဲ့ နှလုံးသားချင်းဆက်သွယ်ဖို့ ဖြစ်လာတာတွေ။ နှစ်ယောက်သား ကတောက်ကဆလေးတွေ။ ဖတ်ရင်း အလိုလိုပြုံးနေရ၊ ပျော်နေရ၊ အသည်းယားနေရ၊ ဝမ်းနည်းနေရနဲ့ ... စွဲညို့က ဒီတစ်ခါမှာလည်း reader တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ ဒီဝတ္ထုကို *၆၀၀* ကျပ်နဲ့ ဖတ်ရှုနိုင်ပြီနော် !!