ချစ်လှစွာသော အမတ်မင်း

Swae Nyoe Team

600 Kyats ကျပ်
✅ သိုင်းစာအုပ်တွေထဲမှာမှ သာမန် အချစ်အလွမ်းနဲ့တင်မကဘဲ Boy Love ရော ပါလာပြီဆိုရင် ဖတ်ရတာ ပိုပြီးတော့ ဆွဲဆောင်မှုအားကောင်းတယ်လို့ ပြောလို့ရတယ်ဗျ။ ရန်ငြိုးတွေရှိ၊ တိုက်ကြခိုက်ကြဆိုတာထက် ဇာတ်အိမ်လေးခိုင်ပြီး ခံစားမှုအပြည့်ပေးနိုင်တဲ့ စာအုပ်တွေကတော့ အလန်းဆုံးပဲလို့ ထင်တယ်။ အဆင့်မြင့် သိုင်းပညာတွေနဲ့ ရက်စက်တဲ့ သိုင်းသမားတွေလည်းပါပြီး နန်းတွင်းအရှုပ်အထွေးလိုသာ ဆိုရင်တော့ လုံးဝကြွေတာပေါ့ဗျာ။ အခု စွဲညို့ကလည်း အဲဒီလို ဇာတ်လမ်းမျိုးနဲ့ ဝတ္ထုအသစ်တစ်ပုဒ် ဖန်တီးလိုက်ပြီ။ အခုဝတ္ထုကတော့ တော်တော်ကိုမိုက်တယ်။ အက်ဒမင်တော့ ခိုက်တယ်။ ဇာတ်လမ်းမှာ လျန်မင်းသား၊ ဟန်မင်းသားလည်းဖြစ်၊ ခုနစ်ပြည်ထောင်က လိုချင်နေကြတဲ့ အမတ်တစ်ဦးလည်းဖြစ်တဲ့ ကောင်းကျင်းဝမ်။ သူ့ဇာတိက လျန်နိုင်ငံဆိုပေမယ့် ဟန်နိုင်ငံကို ဓားစာခံအဖြစ် ခေါ်သွားခံရရာကနေ ဟန်နိုင်ငံလည်း သူ့ဇာတိလိုကို ဖြစ်သွားတာ။ သူကအကုန်တော်တယ်။ ချောတာလည်း ပြောမနေနဲ့ မှုန်နေတာပဲ။