ခေတ်ရယ် အချစ်ရယ်

စံပယ်ဖြူနု

1000 Kyats ကျပ်
'ဒီလိုပါပဲ ... ဘဝဆိုတာ၊ သံသရာ ရထားတစ်စင်းပေါ်မှာ' တဲ့။ ဒီစာအုပ်က ဆရာမရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုရှည်တစ်ပုဒ်လည်း ဖြစ်ပါတယ်။ လက်ရှိ ခေတ်အခြေအနေနဲ့ လုံးဝကို လိုက်ဖက်ညီပြီး ခေတ်ကို ပုံဖော်ဖွဲ့ထုတ်ပြထားတဲ့ ရသဝတ္ထုတစ်ပုဒ်မို့ စာချစ်သူတို့ အကြိုက်တွေ့ဦးမှာ သေချာပါတယ်။ ပတ်ဝန်းကျင်မှာ ကြုံနေကျ၊ ဖြစ်နေကျ အဖြစ်အပျက်တွေကို မေခိုင်၊ မြသီတာ၊ လေးသက်ထင်၊ ဇေဦး စတဲ့ ဇာတ်ကောင်တွေရဲ့ သဘာဝ၊ လူ့သရုပ်၊ အကျင့်ဗီဇတွေနဲ့ ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းမှာ လူအချင်းချင်း စာနာတရား၊ ငြိမ်းချမ်းတဲ့ မေတ္တာနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ လူ့အသိုင်းအဝိုင်းကို ဆရာမက လှလှပပ ရက်ယှက်ပြထားပါတယ်။ ခေတ်တစ်ခေတ်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အချစ်ဇာတ်လမ်းနဲ့ ရောနှောလို့ ဖော်ထုတ်ပြထားတဲ့ 'ခေတ်ရယ် အချစ်ရယ်' ကို စာချစ်သူတို့ အခုပဲ ခံစားကြည့်လိုက်ပါဦးနော်။