အလွမ်းဆိုင်

စံပယ်ဖြူနု

1000 Kyats ကျပ်
“တချို့သော ပျော်ရွှင်မှုတွေဟာ ပိုင်ဆိုင်ချိန်သိပ်တိုတောင်းတယ်။ ဒါပေမယ့်တစ်သက်လုံး သိမ်းထားဖို့ရာတော့ လုံလောက်ခဲ့ပါတယ်” တဲ့ ဒီစာသားလေးကို ဆရာမစံပယ်ဖြူနုရဲ့ ပရိသတ်မှန်ရင် သိကြမှာပါ။ အလွမ်းဆိုင်ဆိုတဲ့ ဆရာမရဲ့ ဝတ္ထုစာအုပ်လေးထဲကစာသားပါ။ ဒီစာအုပ်လေးက အစွဲအလမ်းကြီးသူတွေရဲ့ အကြောင်းလို့ဆိုရမလား၊ လွမ်းမောစရာကောင်းတာတော့အသေအချာပါပဲ။ စာအုပ်ဆိုင်တွေကို နောက်ခံထားပြီးရေးဖွဲ့ထားတာဖြစ်တာကြောင့် ကော်ဖီပူပူလေးတစ်ခွက်နဲ့ ပက်လက်ကုလားထိုင်လေးပေါ်ထိုင်ဖတ်ပြီး ဇိမ်ယူလို့ကောင်းမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။