လှပ်၍ လွင့်သောကမ္ဘာ

စံပယ်ဖြူနု

1000 Kyats ကျပ်
တစ်ခါတစ်ရံမှာ စာအုပ်ရဲ့ အမည်ဟာ ဝတ္ထုဇာတ်လမ်းတစ်ခုလုံးကို ကိုယ်စားပြုရုံတင်မကဘူး၊ စာဖတ်သူရဲ့ စိတ်နှလုံးကိုပါ ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်း ရှိလှပါတယ်။ အခု ဆရာမစံပယ်ဖြူနုရဲ့ ‘လှပ်၍ လွင့်သောကမ္ဘာ’ ကလည်း ထိုအတိုင်းပါပဲ။ စာဖတ်သူရဲ့ စိတ်ဟာ တလှပ်လှပ်နဲ့ ဝတ္ထုထဲမှာ လွင့်မျောသွားတဲ့ ရသခံစားမှုကို ကြုံရပါလိမ့်မယ်။ ‘ငြိမ်း’ ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ကို လွမ်းဆွတ်တသစိတ်နဲ့ ကိုယ့်ရဲ့ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်နေသူ။ မိခင်မရှိတော့တဲ့ သမီးဖြစ်သူအပေါ် သံယောဇဉ်နဲ့ နွေးနွေးထွေးထွေး အကြင်နာတွေကို မြင်အောင်မပြတတ်တဲ့ အေးစက်စက်၊ ခေါင်းမာမာ၊ ဒေါသခပ်ကြီးကြီးနဲ့ ငြိမ်းအဖေ ဦးမောင်ပြေ။ သမီးကို မသိစေချင်တဲ့ လျှို့ဝှက်ချက်တစ်ခုကို ပင်ပန်းကြီးစွာ သိမ်းဆည်းထားတဲ့ ငြိမ်းအဖေရဲ့ ပုံရိပ်နဲ့ ငြိမ်းရဲ့ပုံရိပ်တို့ဟာ အခြားဇာတ်ဆောင်တွေဖြစ်တဲ့ မကြည်ပြာ၊ တာရာ၊ ပြီးတော့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခုအဖြစ် ပါဝင်လာတဲ့ မိုးဉာဏ် တို့က ဝန်းရံလိုက်တဲ့အခါမှာတော့ ဝတ္ထုတစ်ခုလုံးက စာဖတ်သူရဲ့ နှလုံးအိမ်ထဲမှာ အမြစ်တွယ်သွားပါလိမ့်မယ်။