ဘယ်ဘက်ရင်အုံဆီသို့ ရဲရင့်စွာ

စံထိုကျသူ

600 Kyats ကျပ်
Holloween Night ညရဲ့ စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာတွေဆီ တိုးဝင်ချင်တဲ့ ရဲရင့်စွာ တစ်ယောက်၊ မိဘတွေ အိပ်ပျော်ချိန်ရောက်တာနဲ့ ဝရန်တာကနေ တွယ်ဆင်းပြီး အုတ်တံတိုင်းကို ကျော်ဖြတ်လို့ ညအမှောင်ထဲ ခပ်သွက်သွက် ပြေးထွက်လာခဲ့တယ်။ သူငယ်ချင်းတွေ စောင့်နေကြတဲ့ Holloween ပွဲတော် ကျင်းပရာ ခြံကြီးဆီ ရင်တထိတ်ထိတ်နဲ့ ရောက်လာခဲ့တဲ့ ရဲရင့်စွာ ဆိုတာ စွန့်စားရတာကို နှစ်သက်တဲ့၊ စည်းဘောင် ကန့်သတ်ချက်တွေကို ရွံမုန်းတဲ့၊ လွတ်လပ်မှုကို နှစ်သက်မြတ်နိုးတဲ့ သူ။ တကယ်တော့ သူက ယောက်ျားလေးတစ်ယောက်တော့ မဟုတ်ပါဘူး။ နုနုငယ်ငယ် ချောချောလှလှ မိန်းကလေး။ ဒါပေမဲ့ ရဲရင့်စွာ ဆိုတာ နာမည်နဲ့ လိုက်အောင် ရဲရင့်ပြီး စွာတတ်တဲ့ ယောက်ျားစိတ်ပေါက်နေသူ မိန်းကလေးပါ။ ယောက်ျားစိတ်ပေါက်တယ်ဆိုတာထက် ယောက်ျားတစ်ယောက် ဖြစ်ချင်နေသူ။ သူ့ကို သူငယ်ချင်းတွေက ဖိုးစွာလို့ပဲ ခေါ်ကြတယ်။ ရဲရင့်စွာကို စွာစွာလို့ ခေါ်ခွင့်ရသူက တစ်ယောက်ပဲ ရှိတယ်။ ဧကရီဆိုတဲ့ မိန်းကလေး။ ဒီဇာတ်လမ်းမှာ ရဲရင့်စွာ ဆိုတဲ့ ယောက်ျားဖြစ်ချင်နေသူ မိန်းကလေးတစ်ယောက်ကို အရာရာပြောင်းလဲနိုင်တဲ့ တစ်စုံတစ်ယောက်က ဘယ်သူ ဖြစ်မလဲ။ စိတ်ဝင်စားစရာ၊ ရင်ခုန်စရာတွေနဲ့ ခံစားကြရမယ့် ပြင်းရှရှ အချစ်ဇာတ်လမ်းတစ်ပုဒ်။