ကြယ်တွေစုံတဲ့ ကောင်းကင်အောက်မှာ ကျွန်မ မရှိတဲ့အခါ

စုမီအောင်

600 Kyats ကျပ်
အဆောင်အယောင် အမိုးအကာမဲ့သော လမ်းဘေးဆိုင်လေးများ၏ အရိပ်၌ လူသည် ဟန်ဆောင်၊ ချုပ်တည်းရန် မကြိုးစားနိုင်တော့ပါ။ 'ပွင့်လင်းစွာ စကားဆိုကြပါ။ လက်ဖက်ရည်တစ်ခွက်နှင့် စိတ်လွတ်လက်လွတ် အပန်းဖြေ အနားယူကြပါ' ဟူ၍ သည်လက်ဖက်ရည်ဆိုင်ကလေးများက နှိမ့်ချစွာ ကြည့်လျက် တောင်းပန်နေသည်ဟု ကျွန်မ ထင်မြင်ယူဆမိသည့်အတိုင်း ဆိုင်လေးများထဲ ခြေချသည်နှင့် ကျွန်မ၏စိတ်နှလုံးသည် လွတ်လပ်ပွင့်လင်းရန် အသင့်ဖြစ်နေ တတ်သည်။ လက်ဖက်ရည်တစ်ခွက်သောက်ရင်းမှ ရရှိလိုက်သည့် အသိအမြင် ဗဟုသုတတို့သည် အစစ်အမှန်များဖြစ်ပြီး၊ ကျွန်မအတွက် တန်ဖိုးဖြတ်မရပါ။ ထိုအခါ ၅ဝိ/-ကျပ်သည် သင့်တင့်မျှတသော အဖိုးအခဖြစ်သွားပြီး၊ ကျွန်မ ဘယ်တုန်းကမှ နှမြောတွန့်တိုခြင်း မရှိတော့ပါ။ နှုန်းထားခြင်း အတူတူ ဗီဒီယိုအခွေတစ်ခွေဖြင့် အိမ်ထဲမှာ အချိန်ဖြုန်းမလား၊ အိမ်ပြင်ထွက် လက်ဖက်ရည် သောက်မလား ဆိုလာခဲ့လျှင် ကျွန်မ ကတော့ ဖက်လက်ရည်တစ်ခွက်ကိုသာ ပေါ့ပေါ့ပါးပါး ရွေးချယ်လိုက်မည်မှာ အမှန်ပင်။ (ကြယ်တွေစုံတဲ့ ကောင်းကင်အောက်မှာ ကျွန်မ မရှိတဲ့အခါ … ဝတ္ထုမှ)