လှိုင်းထန်လေထန် မလေးနိုင်ငံ

စိုးမြင့်(စက်မှုတက္ကသိုလ်)

600 Kyats ကျပ်
ဒီတစ်ခါ မိတ်ဆက်ပေးမယ့်စာအုပ်ကတော့ မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ ရေးသားတဲ့ “The Malay Dilemma” စာအုပ်ကို ဆရာစိုးမြင့် (စက်မှုတက္ကသိုလ်) မြန်မာဘာသာပြန်ဆိုရေးသားထားတဲ့ မလေးရှားနိုင်ငံအကြောင်း စာအုပ်လေးဖြစ်ပါတယ်။ တစ်ချိန်တုန်းက မလေးရှားနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေကို ဘက်စုံထောင့်စုံကနေ ရေးသားထားသလို တိကျပြတ်သားတဲ့ သုံးသပ်ချက်တွေကိုပါ ဖတ်ကြရမှာပါ။ နိုင်ငံရေးဆိုင်ရာ လေ့လာမှတ်သားစရာတွေ ပါဝင်သလို အခန်းတိုင်း အခန်းတိုင်းမှာလည်း တွေးဆဆင်ခြင် သတိပြုဖွယ်၊ အတုယူဖွယ်ရာ ကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒေါက်တာမဟာသီယာရဲ့ တိကျပြတ်သား၊ မှန်ကန်တဲ့ တွေးခေါ်ဆုံးဖြတ်မှုတွေနဲ့ မလေးရှားနိုင်ငံကို အုပ်ချုပ်ခဲ့ပုံတွေ၊ အာရှရဲ့ တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဦးဆောင်ခဲ့ပုံတွေကို ဖတ်ကြရမှာပါ။ ဒီစာအုပ်က ကမ္ဘာ့ရောင်းအားအကောင်းဆုံး စာအုပ်တွေထဲ တစ်အုပ်အပါအဝင် ဖြစ်သလို အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေနေရတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။