အာဃာတ

စိုးသိဏ်း

1000 Kyats ကျပ်
>> လာပါပြီဗျာ ... လျှို့ဝှက်သည်းဖို ဝတ္ထုအမျိုးအစားတွေကို စောင့်မျှော်နေကြတဲ့ စာဖတ်ပရိသတ်ကြီးတို့အတွက် အာဃာတ ဆိုတဲ့စာအုပ် လာပါပြီ။ ဒီစာအုပ်က မူရင်းစာရေးဆရာ Walter Wager ရဲ့ Time of Reckoning ပါ။ ဥရောပ နာဇီခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ဆရာစိုးသိဏ်းရဲ့ ဘာသာပြန် တန်ဆာဆင်မှုနဲ့ဆိုတော့ ပိုပြီးဖတ်လို့ကောင်းတာပေါ့။ စာအုပ်ထဲမှာ လူတွေနဲ့ စိတ်ကူးယဉ် ဖြစ်ရပ်တွေအကြောင်း၊ ကလဲ့စားချေခြင်းရဲ့ သဘာဝ၊ ဂျူးလူမျိုးတွေ မျိုးတုန်းသတ်ဖြတ်ခံရမှုက လူသားမျိုးဆက်တွေအပေါ် သက်ရောက်ပုံတွေကို စူးစမ်းရှာဖွေတင်ဆက်ထားတော့ ဖတ်ပြီးတာနဲ့ စာအုပ်ကို စွဲနေပါလိမ့်မယ်။ >> 'ကျွန်ုပ်တို့ လူသားမျိုးနွယ် အများစုအဖို့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလောက်သော ကြောက်မက်ဖွယ်၊ ကြက်သီးထဖွယ် လုပ်ရပ်များကို ကျွန်ုပ်တို့လူသားမျိုးနွယ်ထဲမှ ရက်စက်ယုတ်မာသော၊ လူမဆန်သော လူအချို့က ပြုလုပ်ကြခြင်း အပေါ်အမှီပြု၍ ရေးသားထားသည့် ဇာတ်လမ်း ဖြစ်ပါသည်' လို့ ဆိုထားတဲ့အတိုင်း ခံစားရမခံစားရကိုတော့ စာဖတ်ပရိသတ်တို့ပဲဆုံးဖြတ်ပေးပါဦး။