စစ်ပြန်ကြီး

စိုးသိဏ်း

900 Kyats ကျပ်
>> မှုခင်းဖြစ်စဉ်တစ်ခုကို အခြေခံတဲ့ ဇာတ်လမ်းတွေက တကယ်ကို ဖတ်လို့ကောင်းပါတယ်။ တချို့ စာအုပ်တွေဆို ဖတ်နေရင်း လက်ကမချချင်၊ ထမင်းမေ့ဟင်းမေ့ ဖြစ်တဲ့အထိ ဆွဲဆောင်အားကောင်းတယ်။ ဒီစာအုပ်ကလည်း မှုခင်းတစ်ခု ဖော်ထုတ်တဲ့ အကြောင်းကို လုံးဝစိတ်ဝင်စားဖို့ကောင်းအောင် ရေးထားတာ။ >> မူရင်းဝတ္ထုက ဂျာနယ်လစ်ဟောင်းနဲ့ သူလျှိုဟောင်းဖြစ်သူ Frederick Forsyth ရဲ့ The Veteran စာအုပ်။ သူ့ရဲ့ဇာတ်အိမ်ဖွဲ့စည်းပုံကလည်း စာဖတ်သူကို ဝတ္ထုအစအဆုံးအထိဆွဲခေါ်သွားနိုင်တယ်။ အဲဒါကို ဆရာ စိုးသိဏ်းက ဘာသာပြန်ထားတာပါ။ ဇာတ်လမ်းကို ခြေထောက်တစ်ဖက်မသန်တဲ့ စစ်ပြန်အိုကြီးကို လူနှစ်ယောက် လုယက်တာနဲ့ အစပျိုးထားတယ်။ ဇာတ်လမ်းအချိုးအကွေ့တွေ ရောက်တဲ့အခါ ဟာခနဲ ဟင်ခနဲ ဖြစ်စေလောက်တဲ့အထိကို ဝတ္ထုဖတ်ရတာ မိုက်တယ်လို့ ပြောရမယ်။ အားလပ်ချိန်မှာ ဖတ်လို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။