ထီးကလေးဆောင်းတဲ့ညနှင့် အခြားလူငယ် ဝတ္ထုတိုများ

စိုးတင့်ထူး(မအူပင်)

500 Kyats ကျပ်
လူငယ်တွေက လွတ်လပ်စွာ နေတတ်သူတွေ၊ ရိုးသားကြသူတွေ၊ ပွင့်လင်းကြသူတွေ၊ စွန့်စားလိုစိတ် ရှိကြသူတွေ၊ ကိုယ်ကျိုးစွန့်တတ်သူတွေ၊ မဟုတ်မှန်တာကို မလုပ်ဘဲ အမှန်တရားကို မြတ်နိုးသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ နှလုံးသည်းပွတ်ဟာ ဖြူစင်တယ်။ ရိုးဖြောင့်တယ်။ မှန်ကန်တယ်။ အဲဒါ လူ့လောကထဲ ထဲထဲဝင်ဝင် မရောက်ခင် လူငယ်ဘဝအခြေအနေပေါ့။ အချိန်တန်လို့ လူ့ဝန်းကျင်ဆီ ဝင်ရောက်လာတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှုတွေနဲ့အတူ လူငယ်တွေရဲ့ ဖြူစင်ခဲ့ဖူးတဲ့ နှလုံးသားတွေ ညစ်နွမ်းသွားတတ်ကြတယ်။ အရောင်စွန်းထင်းကုန်ကြတယ်။ မာကျောခက်ထန်ကုန်ကြတယ်။ ဒီလို ပြောင်းလဲသွားကြရတဲ့ လူငယ်တချို့ကို မြင်တွေ့ခဲ့ရတဲ့ ဆရာစိုးတင့်ထူးက သူတို့အတွက် ရင်နင့်စာနာစွာနဲ့ လူငယ်ဝတ္ထုတိုတွေကို ရေးသားဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်က စာပေဗိမာန်စာမူဆုရ လူငယ်ဗဟိုပြု ရသဝတ္ထုတို စုစည်းမှု စာအုပ်လေးဖြစ်တဲ့အပြင် လူငယ်ထုအတွက် ကိုယ်စားပြုမှန်တစ်ချပ်အဖြစ် ခံစားကြရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။