လရိပ်ညိုနှင့် ကြယ်ပျိုတစ်သင်း

စိုးတင့်ထူး(မအူပင်)

500 Kyats ကျပ်
‘လရိပ်ညိုနဲ့ ကြယ်ပျိုတစ်သင်း’ ဆိုတဲ့ ဒီဝတ္ထုက ငါးပါးသီလကို စောင့်ထိန်းနိုင်ရေးအတွက် ဦးတည်ဖော်ဆောင်ထားသလို အသိဥာဏ် မရင့်ကျက် မပြည့်စုံသေးတဲ့ ကလေးသူငယ်တွေ နည်းမှန် လမ်းမှန်ရောက်ရှိစေဖို့ ရည်ညွှန်းရေးဖွဲ့ထားတဲ့ ဇာတ်လမ်းပါ။ ပင်လယ်၊ သမုဒ္ဒရာတွေမှာ အနားသတ် ကမ်းစပ်ဆိုတာ ရှိကြသလို လူ့ဘောင်၊ လူ့အဖွဲ့အစည်းမှာလည်း စောင့်ထိန်းရမယ့် ကျင့်ဝတ်၊ သီလတရား၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှု ဆိုတာတွေ ရှိပါတယ်။ တကယ်တော့ ကလေးသူငယ်တွေဆိုတာ လူ့လောကထဲ စတင်ဝင်ရောက်စ၊ လူသစ်ကလေးတွေပဲ ဖြစ်ပါတယ်။ ဒီအရွယ်ကလေးတွေဆိုတာ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်း၊ လူ့လောကရဲ့ အနားသတ်ဘောင်တွေကို နားမလည်တတ်ကြသေးပါဘူး။ ဒါကြောင့် ဒီကလေးတွေကို လူ့ပတ်ဝန်းကျင်ကပဲ ဥာဏ်စွမ်းနဲ့ စဉ်းစားဆင်ခြင်မှု ရှိတတ်လာစေဖို့ ပြုပြင်ထိန်းကွပ်ပေးကြရမှာပါ။ ဒီစာအုပ်ကိုတော့ လူငယ်စာပေလို့ ဆိုနိုင်ပါတယ်။ ကလေးသူငယ် လူငယ်လေးတွေရဲ့ အသိတရား၊ ဆင်ခြင်တုံတရား၊ ကိုယ်ကျင့်တရားတွေ ကောင်းမွန်လာစေဖို့ ဒီဝတ္ထုက ရည်ရွယ်ထားပါတယ်။ လူငယ်တွေတင်မကဘဲ လူငယ်တွေကို လမ်းညွှန်ဖို့ လူကြီးတွေပါ ဖတ်သင့်တဲ့ စာအုပ်လို့ပဲ ညွှန်းဆိုပါရစေနော်။