သေချာမှုမှ မရေရာမှုသို့

စိုးစိုး (အင်္ဂပူ)

600 Kyats ကျပ်
"သေချာမှုမှ မရေရာမှုသို့" စာအုပ်ကို စာရေးဆရာ စိုးစိုး(အင်္ဂပူ) ကပြန်ဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ၂၀ ရာစုဆိုတာ အသိပညာခေတ်၊ သေချာမှုရဲ့ခေတ်သာ ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ "မှန်းချက်နဲ့ နှမ်းထွက်မကိုက်" ဆိုသလိုပဲ ၂၀ ရာစုဟာ အမှန်တကယ်မှာတော့ မရေရာမှု၊ ဒွိဟဖြစ်မှုနဲ့ ယုံမှားသံသယတို့နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ ဒီစာအုပ်ဟာ ထိုပြောင်းလဲမှုတို့ရဲ့ ရင်းမြစ်ဇာတ်လမ်းနဲ့ လူသားတို့ရဲ့ အဓိကအတွေးအခေါ် ပြောင်းလဲမှုတစ်ခုအကြောင်းကို ဆွေးနွေးတင်ပြထားတဲ့ စာအုပ်ဖြစ်တာကြောင့် စာချစ်သူများ စိတ်ဝင်စားမယ့် စာအုပ်ဖြစ်တဲ့အတွက် ၀န်ဇင်းမှ သတင်းကောင်း ပါးလိုက်ပါတယ်ရှင်။