တိုက်ခိုက်နေတဲ့လေထဲ
စိုင်းဝင်းမြင့်
800 Kyats ကျပ်
“သူစိမ်း”၊ “တစ်ယောက်တည်းစကား” ၊ “နားနားပြီးပြော” စတဲ့ စာအုပ်တွေ ပြီးတဲ့နောက် စတုတ္ထမြောက်အနေနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ “တိုက်ခိုက်နေတဲ့ လေထဲ”။ ကဗျာသက်သက် ၊ စကားပြေသက်သက် ဖတ်ရှုလေ့ရှိသူတွေအတွက်တော့ ဒီစာအုပ်က ကဗျာနဲ့စကားပြေ ပေါင်းစပ်ထားတာဖြစ်လို့ ထူးခြားတဲ့အရသာကို ခံစားရစေမှာသေချာပါတယ်။ ကဗျာဆရာစိုင်းဝင်းမြင့်ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း၊ တွေ့ဆုံခဲ့တဲ့လူတွေအကြောင်းကို ဒီစာအုပ်ထဲမှာ မြင်တွေ့မှာပါ။ ကဗျာနဲ့ကဗျာဆရာဘဝကို စိတ်ဝင်စားသူတွေအတွက် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ စာအုပ်ကောင်းတစ်အုပ်မို့ ဖတ်ရှုခွင့်ကို လက်မလွှတ်လိုက်ပါနဲ့။