ဆက်ကောင်း ဆက်မည်

စိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)

600 Kyats ကျပ်
အချစ်နဲ့ မကင်းတဲ့ ပုထုဇဉ်လူသားတွေရဲ့ နှလုံးသားမှာ အချစ်နဲ့ ကျောခြင်းကပ် စာမျက်နှာဖြစ်တဲ့ ‘အလွမ်း’ ဆိုတာ တံဆိပ်ကပ်နှိပ် ကမ္ပည်းတင်ပြီးသား ဝေါဟာရတစ်ခုပါပဲ။ သမုဒယသစ္စာ အရင်းတည်ပြီး ဒုက္ခသစ္စာ ကြွင်းရစ်လေတဲ့ လောကရဲ့ဓမ္မတာအရ ချစ်တတ်သူ၊ ချစ်ဖူးသူတိုင်း၊ အချစ်ရဲ့ ပေးစာကမ်းစာဖြစ်တဲ့ အလွမ်းကို မိတ်ဖွဲ့ခဲ့ကြရတယ် မဟုတ်လားလေ။ လွမ်းတတ်သူတွေများတဲ့ လောကကြီးထဲက စာပေ အခင်းအကျင်းမှာလည်း အချစ်၊ အလွမ်းကို ရသမြောက် ဖွဲ့ဆိုတဲ့စာ၊ ကဗျာတွေက ခေတ်အဆက်ဆက် ရှိခဲ့တယ်၊ ရှိနေတယ်၊ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာမ စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်) ရဲ့ ဆက်ကောင်းဆက်မည် ဆိုတဲ့ အလွမ်းစာစုတွေကို စုစည်းထားတဲ့ စာအုပ်လေးက လွမ်းတတ်သူတွေအဖို့ ရင်ထဲမှာ တသသ လွမ်းမောသွားရမယ့် ခံစားမှု ဝေဒနာတွေကို ပေးနိုင်တာကြောင့် ညွှန်းဆိုလိုက်ပါတယ်။