နေပွင့်ပန်း၏ အပြာရောင်စာမျက်နှာသစ်

စမ်းစမ်းနွဲ့(သာယာဝတီ)

900 Kyats ကျပ်
“နေကိုမျက်နှာမူပြီး အပူဖြင့် လန်းပွင့်နေသည့် နေကြာပန်းနှင့် နေနှင့်အတူပွင့်ရသော ပေါ်ကျူလီယာပန်းများကို မီးမောင်းထိုးပြသွားပါသည်။ နေညှိုးလျှင် သူတို့ပါ ညှိုးငိုက်ကြရသည့် အပူကြိုက်မျိုးဟု ဆိုပါသည်။ လောကသုံးပါးတွင် စီးပွားရေးအပူ၊ လူမှုရေးအပူ၊ ပညာရေးအပူမှန်သမျှကိုမည်သည့်ပုထုဇဉ်မှ ရှောင်လွဲတိမ်းဖယ်၍ မရနိုင်ပါ။ ရှောင်လွဲတိမ်းဖယ်၍ မရနိုင်လျှင် ဒူးထောက်အရှုံးပေးရမည်လော။ အောက်လမ်းနည်းဖြင့် အန်တုခုခံရမည်လော။ သည်နေရာ၌ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)သည် လောက သစ္စာတရားကို ပရိယာယ်မပါဘဲ ရိုးရိုးကလေး ဖွင့်ဟပြပါတော့သည်။ ရိုးလွန်းတော့ အလွန်တရာ လှပသွားပါသည်။ အသည်းထက်မှာ အက္ခရာတင်လိုက်ရသလို တစ်သက်စွဲငြိသွားစေပါသည်။ လူငယ်တို့၏ စစ်မှန်သော ဘ၀အားမာန်ဆိုတာ ဒါပါလားဟု သတိသံဝေဂ တရားပွားများစေပါသည်။ လူသားတိုင်းလောကသုံးပါးကို အန်တုခံနိုင်စေမည့် စစ်မှန်သောဘ၀အားမာန်ကို ရရှိနိုင်စေရန် ရည်သန်၍ ထုတ်ဝေလိုက်သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်' တဲ့။ ဒါက ဆရာမစမ်းစမ်းနွဲ့ရဲ့ ဒီစာအုပ်အတွက် ဆရာအထောက်တော်လှအောင်ရဲ့ မှတ်ချက်အမှာစကား။ နွယ်ဦးမွန်၊ လင်းဇော်၊ ကျော်သက်၊ မင်းမောင် ... စတဲ့ ဇာတ်ကောင်တွေကို အားပြုပြီး လူငယ်ထုရဲ့ အားမာန်နဲ့ နှလုံးသားကို ကိုယ်စားပြုဖွဲ့နွဲ့တင်ပြထားတဲ့ ရသဝတ္ထုရှည်တစ်ပုဒ်ပါ။ ဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့ လက်ရာမွန် ဝတ္ထုတစ်ပုဒ်မို့ စာချစ်သူတို့ နှလုံးသားကို ဖမ်းစားဆွဲဆောင်နိုင်မှာကတော့ မြေကြီးလက်ခတ်မလွဲနိုင်ပါဘူး။