ပျော်ရွှင်တတ်သော မိုးတိမ်များ

စစ်ငြိမ်း

1000 Kyats ကျပ်
❤ ‘အခုချိန်ဆို သူနေတဲ့မြို့မှာ ဆာကူရာပန်းတွေ ပွင့်နေမလား၊ သူရောက်နေတဲ့ တိုင်းပြည်မှာ နှင်းတွေကျနေမလား။ သူရှင်သန်၊ သူလှုပ်ရှားရတဲ့ မြို့ပြနိုင်ငံမှာ လူတွေတစ်ယောက်နဲ့တစ်ယောက်ချစ်ကြမလားပေါ့လေ။ မြန်မာပြည်ရယ် မိုးဦးကျမှာ ပွင့်တတ်တဲ့ အဝါရောင် ပန်းလေးတွေကို မေ့နေမလား။ နောက်ပြီး သူ့ရည်းစားမဟုတ်ခဲ့ဘဲ သူချစ်တဲ့ သူငယ်ချင်းလေးတစ်ယောက်ကို သတိရနေမလားပေါ့လေ’ .... တကယ်ကို လွမ်းဆွတ်ဖွယ်အရေးအသားပါပဲ။ စာအုပ်ထဲမှာ ဒါတင်မဟုတ်သေးပါဘူး။ ဆရာစစ်ငြိမ်းရဲ့ ထူးခြားတဲ့ စကားပြေအရေးအသားတွေ၊ ဇာတ်ကောင်ကို တင်ပြထားပုံတွေ၊ ထူးထူးခြားခြား တွေးခေါ်ပုံလေးတွေနဲ့ ပြာလဲ့လဲ့ အရေးအသားတွေက စာဖတ်သူရဲ့ စိတ်ကို ဖမ်းစားထားပါလိမ့်မယ်။