Phra Suphankalaya

ငကျန်သင်

800 Kyats ကျပ်
ငကျန်သင်လို့ပြောလိုက်တာနဲ့ သမိုင်းဝတ္ထုရှည်ကြီးဆိုတာကို သွားပြေးမြင်မိတော့တာပဲ။ အခုစာအုပ်ဖြစ်တဲ့ ဖရာ့ဆုပန်ကလျာဆိုရင်လည်း မသိသူမရှိသလောက်ကို စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ စာအုပ်လေ။ ထိုင်း-မြန်မာသမိုင်းမှာ လူသိများတဲ့ ယိုးဒယားမင်းသမီး ဆုပန်ကလျာရဲ့ ဇာတ်ကြောင်းပေါ့။ မင်းသမီးတစ်ပါးရဲ့ အတွေးအမြင်၊ ရိုးရာ၊ သမိုင်းအချက်အလက်တွေကို ဖတ်ရတာ လက်မချတမ်းကို စိတ်ဝင်စားဖို့ကောင်းလွန်းတယ်။ ဇာတ်စာသားတွေ၊ ရိုးရာတွေ၊ နောက်ခံသမိုင်းကြောင်းတွေ၊ အသုံးအနှုန်းတွေ၊ ဓလေ့ထုံးစံနဲ့ နန်းသုံးအခေါ်အဝေါ်တွေကို သေသေချာချာ လေ့လာသုံးနှုန်း ဖော်ပြထားတာဖြစ်လို့ ဝတ္ထုတစ်ပုဒ်အနေနဲ့ရော ဗဟုသုတအနေနဲ့ပါ ဖတ်ရတာ အရမ်းအကျိုးရှိတယ်။ တန်တယ်။ ယိုးဒယားမင်းသမီး ဆုပန်ကလျာအကြောင်း ဘာတွေရေးထားမလဲ ? တကယ်ကို ဖတ်လို့ကောင်းတဲ့ သမိုင်းနောက်ခံ ဝတ္ထုတစ်ပုဒ်ဖြစ်ကြောင်းတော့ အာမခံလိုက်ပါတယ်