ဆော်လော်သူ

ဂျူးဝေ

600 Kyats ကျပ်
ရိုးရာဓလေ့ကို နောက်ခံထားပြီး ရေးတဲ့ ဝတ္ထုတွေက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီဝတ္ထုထဲကမှာ ရှေးကျတဲ့ နာဂလူမျိုးတွေ နေတဲ့ ရွာတစ်ရွာ၊ အဲဒီက ယွန်ဆိုင်းနဲ့ ရငမ်းတို့ နှစ်ယောက်အကြောင်း ပြောပြထားတယ်။ နာဂလူမျိုးတွေရဲ့ ဓလေ့၊ ရိုးရာ၊ ယုံကြည်မှု၊ နေထိုင်စားသောက်ပုံ၊ ရုန်းကန်လှုပ်ရှားရပုံကို ကွက်ကွက်ကွင်းကွင်းမြင်ရတယ်။ အရောင်ကာလာမပါ ရိုးသားတဲ့ နာဂလူမျိုး ယွန်ဆိုင်း၊ ဖြူစင်တဲ့စိတ်ထားရှိတဲ့ ယွန်ဆိုင်းတစ်ယောက် မိဘကို ပိုက်ဆံရှာပေးချင်တဲ့စိတ်နဲ့ မြို့ကြီးပြကြီးဆီကို အရောင်းစားခံလိုက်ရတဲ့အခါ ဖြစ်ပျက်လာတဲ့ ဇာတ်လမ်းတွေက မဖတ်ဘဲကို မနေနိုင်အောင်ပါပဲ။