မောင်ရင်မောင် မမယ်မ

ဂျိမ်း(စ်)လှကျေ

600 Kyats ကျပ်
ဒါဟာ မြန်မာ့ပထမဆုံး ကာလပေါ် ဝတ္ထုတစ်ပုဒ်ပါပဲ။ Alexander Dumas ရေးတဲ့ Count of Monte Christo ကို မှီးထားတဲ့ ဝတ္ထုလို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က မြန်မာစကားပြေ အရေးအသားဟာ ဘယ်လိုများနေမလဲ ဆိုပြီး စိတ်ဝင်တစားနဲ့ လေ့လာလိုတဲ့အတွက် ဖတ်သူတွေလည်း ရှိသလို၊ မြန်မာ့ဂန္ထဝင် စာရင်းဝင် ဝတ္ထုတစ်ပုဒ်ဆိုတော့ ဘာများ ထူးခြားမလဲဆိုပြီး ဖတ်ကြသူတွေလည်း ရှိပါတယ်။ ဘယ်လို ဘာကြောင့်လဲ ဆိုတာထက် ဒီစာအုပ်ဟာ စာသမားတိုင်း ဖတ်ဖူးသင်တဲ့ ဝတ္ထုတစ်ပုဒ်လို့ ပြောလို့ ရနိုင်မှာပါ။