သူ

ဂျာနယ်ကျော်ဦးချစ်မောင် (ရွှေလင်းယုန်)

600 Kyats ကျပ်
သူဟာ - မပွင့်မလင်း မြုံစိစိနဲ့လို့ စာဖတ်သူ ခံစားရလိမ့်မယ်။ အားမလို အားမရ ဖြစ်လိမ့်မယ်။ ဂုဏ်မယူချင်၊ လူအထင်ကြီး မခံချင်လို့ အဖြစ်မှန်တွေကို မရှင်းပြ၊ အခြားသူအတွက် လုပ်ပေးသင့် လုပ်ပေးထိုက်ပေမယ့် သူ့အတွက်တော့ လုပ်သင့် မလုပ်ထိုက်ဘူးလို့ ယူဆပြီး ရေငုံနှုတ်ပိတ် နေတဲ့အခါ၊ သူ့ကြောင့် အခြားသူတွေက ထိခိုက် နစ်နာသလိုတွေ ဖြစ်လာတယ်။ မခင်လှ လဲ့လဲ့ နု ဘာလို့လဲ ဆိုတာကတော့ ဖတ်သာ ကြည့်တော့နော်။ ဆရာဝန် ကိုမြင့်မောင်ကို တဖက်က လေးစားစိတ်၊ တဖက်က အားမလို အားမရစိတ်နဲ့ အသည်းထဲမှာ ကလိကလိ ဖြစ်မှာ သေချာတယ်။ သူ့အကြောင်းကို လျှို့ဝှက်ထားတာကြောင့်ပဲ ဒီ ‘သူ’ ဆိုတဲ့ ဝတ္ထုဇာတ်လမ်းက ပိုရှုပ်သွားတာပဲ။ အဲ့လို ရှုပ်လေ၊ ဖတ်ရတာ ပိုစိတ်ဝင်စားလေ။ အကျဉ်းချုပ်ရရင်တော့ - ဒါဟာ၊ မြန်မာဝတ္ထုကောင်း တအုပ်၊ စာရိတ္တနဲ့ လူမှုရေးဆိုင်ရာ ရည်ရွယ်ချက်ကောင်းတွေ ပါဝင်တယ်။ ပိုက်ဆံရှိ ငွေရှင်ကြေးရှင်တွေရဲ့ ဖောက်ပြန်တဲ့ အကျင့်စရိုက်တွေကို ပြထားတယ်။ စံပြုလောက်တဲ့ ဝတ္ထုကြီး စာရင်းဝင် ဖြစ်ပါတယ်။ တအုပ်ဆို ဆိုသလောက် ရင်ဘတ်ထဲ ကျန်ခဲ့စေတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ဆောင်တွေ၊ ဝတ္ထု ရည်ရွယ်ချက်ကောင်းတွေကြောင့် ဒီစာအုပ်ကို - ဝန်ဇင်း စာချစ်သူများ ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါလို့ ညွှန်းလိုက်ပါရစေ။