ရႈမျငီး

ဂျာနယ်ကျော်မမလေး

900 Kyats ကျပ်
အစိုးရရဲ့အထူးအရာရှိဖြစ်သူ ကိုကျော်မြင့်ဟာ တိမ်မြုပ် ဆိုတဲ့ရွာက သူကြီးရဲ့သမီး အေးအေး ကို လက်ထပ်ရယူဖို့ လာခဲ့ပါတယ်။ ဒါပေမယ့် ရောက်ခါနီးလမ်းခရီးမှာ သေလုဆဲဆဲတော်လှန်ရေးသမားတစ်ဦးရဲ့ လျှို့ဝှက်စာကို ရခဲ့တယ်။ အဲဒီစာကို ယူလာရင်း လမ်းမှာ ဂျပန်နဲ့တွေ့ ၊ ထွက်ပြေး ဒဏ်ရာရတော့ သတိလစ်။ သတိပြန်ရလာတော့ သူတွေ့ချင်နေတဲ့ “တိမ်မြုပ်”ရွာသူကြီးဦးဘအိမ်ကို ရောက်နေရော။ သူတို့က ကိုကျော်မြင့်ကို ကယ်လာခဲ့တာ။ ဒါပေမဲ့….သူတို့ဟာ ကိုကျော်မြင့်ကို တော်လှန်ရေးသမား “သခင်ထွန်းဝင်း” လို့ ထင်နေကြတယ်။ ဒီလိုကနေစလို့ ဂျပန်ခေတ်နောက်ခံ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖတ်ရှုခံစားရမှာပါ။