မာလာရီ

ဂျာနယ်ကျော်မမလေး

900 Kyats ကျပ်
မာလာရီဆိုတာလည်း စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေးရဲ့ နာမည်ကြီး စာအုပ်တစ်အုပ်ပါ။ ဇာတ်မင်းသမီး၊ ပြဇာတ်မင်းသမီးဘဝကနေ တစ်ဆင့်တက်ပြီး ချစ်သက်ဝေ ဆိုတဲ့ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီကိုစတင်ရယူခဲ့တဲ့ မင်းသမီးကြီး ကြည်ကြည်ဌေးရဲ့ဘဝဇာတ်ကြောင်းကို ရေးဖွဲ့ထားတာ။ ကြမ်းတဲ့လှတဲ့ ဘဝရဲ့အထုအထောင်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ်ဝါသနာပါတဲ့အလုပ်ကို အပြုံးမပျက်လုပ်နိုင်တဲ့သူ။ မိခင်ဖြစ်သူ ဆိုဆုံးမတဲ့ ဘဝသင်ခန်းစာတွေကို နားထောင်ပြီး ဘဝကိုရှေ့ဆက်ရဲသူ။ >> ယောက်ျားရလည်းကံမကောင်း။ အနှိပ်စက်ခံ ရှင်သန်ခဲ့ရတယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ခဲ့ရတယ်။ ဒီစာအုပ်က ရှင်းရှင်းပြောရရင် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေးရဲ့ အတ္ထုပ္ပတ္တိ။ သူရဲ့နာကျင်စရာကောင်းတဲ့ဘဝဇာတ်ခုံကို ဂျာနယ်ကျော်မမလေးက အနီးကပ်လေ့လာပြီး ရေးဖွဲ့ထားတာ။ ဒီစာအုပ်ထဲမှာ လောကဓံရဲ့ဖိနှိပ်မှုပေါင်းစုံနဲ့ သန်မာတဲ့ စိတ်ခံစားချက်တွေကို တွေ့ရှိခံစားရမှာမို့ တကယ်ကို လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။