ဘဝပုံရိပ္မ်ား

ဂျာနယ်ကျော်မမလေး

900 Kyats ကျပ်
အမှာစာကောက်နှုတ်ချက် - ဂျာနယ်ကျော်မမလေးသည် ‘သူလိုလူ’ ရေးပြီးနောက် မိမိ၏ ကိုယ်ရေးအတ္ထုပ္ပတိကို ရေးသားလိုပုံရပါသည်။ ‘ငယ်ငယ်ရွယ်ရွယ်’ အမည်နှင့်ပင် ကြော်ငြာခဲ့ဖူးပါသည်။ သို့ရာတွင် လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့ခြင်းမရှိပါ။ သို့ရာတွင် မိမိဘဝနှင့် စပ်၍လည်းကောင်း၊ မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတို့နှင့် ပတ်သက်၍လည်းကောင်း၊ မျက်မြင်ကြုံတွေ့ ခံစားရချက်များနှင့် ဆက်နွယ်၍လည်းကောင်း၊ အတ္ထုပ္ပတိဆန်ဆန် ရေးသားခဲ့သည့် ဝတ္ထု၊ ဆောင်းပါး၊ ရသဟန်ဝတ္ထုဆောင်းပါးမချို့ကို ကြိုကြားရေးဖွဲ့ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုစာများကို စုစည်းလိုက်သောအခါ ဂျာနယ်ကျော်မမလေး၏ ဘဝကို အပြည့်အစုံမဟုတ်သည့်တိုင် တစ်စိတ်တစ်ပိုင်းထုဆစ်ထားသည့် ရုပ်ပုံလွှာအဖြစ်ပေါ်ထွက်လာပါသည်။ ဂျာနယ်ကျော်မမလေး၏ ဖြတ်သန်းမှု ဘဝကားချပ်နီးဝေးနိမ့်မြင့် ပုံရိပ်များပင်ဖြစ်ပါသည်။ ဤသို့ဖြင့် ဤစာအုပ်ကို ‘ဂျာနယ်ကျော်မမလေး၏ ဘဝပုံရိပ်များ’ ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။