စိတ်

ဂျာနယ်ကျော် မမလေး

900 Kyats ကျပ်
“ကျွန်မတို့ မိန်းမတွေဟာ စိတ်ယုတ်ညံ့တဲ့ ယောက်ျားတွေရဲ့ နိုင်ထက်စီးနင်းမှုကို ခံရတတ်တဲ့ သဘောကို တင်ပြချင် လို့ပါ” ဆိုတဲ့ ဆရာဝန်မလေး မစောလင်းရဲ့ စကားသံဟာ လူ့လောက ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်လို့နေပါတယ်။ ပညာတတ် မိန်းမတစ်ယောက်ဖြစ်ပေမယ့် လူကဲခတ်မှားယွင်းတဲ့အခါ မတော်သောလမ်းကိုလျှောက်၊ မတော်သောဒုက္ခနဲ့ ကြုံတွေ့စော် ကားခံရတဲ့ မိန်းမသားတစ်ယောက်ဘက်က အမှန်တရားဆိုတာကို “စိတ်”မှာ ရှာဖွေကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။