စိတ်ကျရောဂါဟာ ခွဲစိတ်ကုသမှုကြောင့် ပျောက်မသွားဘူး

ဂျန်ဒါရီ

400 Kyats ကျပ်
ဂျန်ဒါရီရဲ့ ဒီစာအုပ်ကိုဖတ်ပြီးတော့ ကျွန်တော်က ဆန့်ကျင်ဘက်နှစ်ခုကို သွားခံစားမိတယ်။ နူးညံ့မှုနဲ့ ကြမ်းတမ်းမှုပေါ့ ! တကယ်လည်း ဒီစာအုပ်ထဲမှာ နူးညံ့မှုတွေ ခံစားနိုင်သလို၊ ကြမ်းတမ်းပြင်းရှမှုတွေကိုလည်း ထိတွေ့ရလိမ့်မယ်။ ဒဏ်ရာတွေကို မြင်ရတယ်၊ အတိတ်ထဲ တဝဲလည်လည် ဖြစ်နေမှုတွေပါတယ်၊ လူတွေသတိမထားမိတဲ့ လူ့သဘော လူ့သဘာဝတွေကို ကြောင်ကြည့်နေမိလိမ့်မယ်၊ ပြင်းရှတဲ့ခံစားချက်တွေ၊ တစ်ခါမှမတွေးဖူးတဲ့ အတွေးတွေထဲမှာ ဆိတ်ငြိမ်မှုတွေနဲ့အတူ ကျင်လည်မိလိမ့်မယ်။ ဖတ်ပြီးရင် အတွေးတွေ ခဏလောက်ရပ်တန့်သွားတဲ့အထိ စိတ်ကို ဖမ်းစားသွားနိုင်တဲ့ ကဗျာတွေ စကားပြေတွေပါပဲ။