ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း

ဂျင်ဂျာ

800 Kyats ကျပ်
LGBT နဲ့ ပတ်သက်ပြီး လူတွေ နားလည်လက်ခံလာအောင် ရသနဲ့ သုတ ရောနှောပြီး ဇာတ်လမ်းဆင် ရေးသားထားတဲ့ ဆရာဂျင်ဂျာရဲ့ ‘ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း’။ Facebook စာမျက်နှာမှာ အခန်းဆက်ရေးသားခဲ့ကတည်းက လူကြိုက်များခဲ့တဲ့ ဒီဇာတ်လမ်းလေးကို တောင်းဆိုနေကြတဲ့ စာချစ်သူတွေအတွက် တင်ဆက်လိုက်ပါပြီနော်။ ‘နွေနဲ့ မိုးဆောင်း၊ ပြောင်းလဲသွားလည်း၊ ရှင်သန်ရင်ထဲ၊ ငြိမ်းချမ်းခြင်းပဲ၊ ကျားမ မခွဲ၊ နိုင်ထက်ပြုမူ၊ မကျင့်ကြံလို၊ တွဲမြဲခေါ်မယ်၊ ထာဝစဉ်ပဲ … သြော် … ထာဝစဉ်ပဲ’ တဲ့။ ဆရာဂျင်ဂျာရဲ့ နူးညံ့သွက်လက်တဲ့ အရေးအသား၊ ရသမှာ သုတနှောပြီး ပေးစွမ်းထားတဲ့ အသိအမြင် ဗဟုသုတ၊ ကျားနဲ့ မ ခွဲခြားဆက်ဆံမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့အတူ၊ ဝမ်းနည်းစရာ၊ နာကျင်စရာ၊ ရင်ခုန်စရာ၊ ကြည်နူးစရာ၊ လွမ်းမောစရာ ခံစားမှုတွေ အပြည့်နဲ့ LGBT နောက်ခံ ဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ်။