အပ်ိဳၾကီးဘုရား

ဂါဦးနွန်းကို

400 Kyats ကျပ်
ဘာသာရေးဆိုတာနဲ့ ပျင်းစရာလို့ ထင်မသွားကြစေချင်ပါဘူး။ ဆရာတော်တွေ ရေးပြုတဲ့ ဘာသာရေးဆောင်းပါးတွေ၊ တရားစာအုပ်တွေလို လေးလေးပင်ပင် အဆီအနှစ်မျိုး မဟုတ်ဘဲ၊ လူငယ်တစ်ယောက်က သူ့အမြင် သူ့အတွေးတွေနဲ့ ခံစားသက်ဝင် ရေးဖွဲ့ထားတဲ့ ရသစာစု ဆောင်းပါးတွေပါ။ ဒီစာအုပ်ထဲမှာ ‘ဘဝ၏အနှစ်သာရ’ စာမူလို ဘာသာရေးနောက်ခံ ဝတ္ထုတွေ ပါဝင်သလို၊ ‘သဘာဝအလှတရားများဖြင့် တင့်တယ်နေသောဒေသ သို့မဟုတ် ကျိုက္ခမီ’ ၊ ‘စက်စဲကမ်းခြေ၊ ဆင်ပုန်းဂူဘုရားနှင့် View Point တို့၏ ပဉ္စလက်ဆန်သောအလှများ’ တို့လို ခရီးသွား ဓမ္မဆောင်းပါးတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် … ပေါင်မြို့နယ်တွင်းက ဇင်းကျိုက်ဆံတော်ရှင်၊ တောင်တန်းတွေကြားက အချစ်ရေတံခွန်၊ ရောက်ခဲ့ပြန်ပြီ မော်တင်စွန်းစေတီ၊ အပျိုကြီးဘုရားနှင့် ဟိုင်းကြီးကျွန်းအလှ၊ စတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးက တန်ခိုးကြီးဘုရားတွေဆီ ဘုရားဖူးခရီးသွားဆောင်းပါးတွေ၊ ‘ခြေရာ’ လို ဘာသာရေးနှီးနွယ်တဲ့ ကဗျာတွေ၊ ‘ရုပ်ရှင်ချစ်သူတွေ မသိသေးတဲ့ ဗုဒ္ဓဘာသာဝင် ဟောလိဝုဒ်ဆယ်လီတွေ’ လို သုတေသနဆောင်းပါးတွေ ပါဝင်တာမို့ တစ်အုပ်ထဲမှာ စာပေလက်ရာစုံ ခံစားဖတ်ရှုရမယ့် ဘာသာရေးစာအုပ်ကောင်းလေး ဖြစ်ပါတယ်။