တောင်သမန်တွင် ကျားရှိသည်

ဂမ္ဘီရလူမော်

500 Kyats ကျပ်
မန္တလေး၊ တောင်သမန်အင်း အရှေ့ဘက်၊ ဦးပိန်တံတားထိပ်မှာ ရှိတဲ့ တောင်သမန်ရွာမှာ တောာင်သမန် ဘိုးဘိုးကြီးရဲ့ နတ်ကွန်း နတ်နန်း ရှိပါတယ်။ တရွာလုံးက ကိုးကွယ်ကြပြီး တနှစ်တကြိမ် ပွဲတော် ကျင်းပကြတယ်။ ဒီဝတ္ထုကတော့ အဲ့ဒီလိုမျိုး လက်တွေ့ အပြင်မှာ တကယ် ရှိတဲ့ အကြောင်းအရာကို အခြေခံထားတာပါ။ ဂမ္ဘီရလူမော်ရဲ့ အခြား စာအုပ်တွေမှာလည်း ဒီလိုပဲ။ ပြင်ပက အဖြစ်အပျက်တွေကို ဇာတ်လမ်းထဲမှာ ထည့်သွင်း ရေးသားတတ်ပါတယ်။ ဒီတော့ ဖတ်ရတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ် ဆိုပါတော့။ ဒီ စာအုပ်မှာတော့ အဲ့ဒီ တောင်သမန်ဘိုးဘိုးကြီး ပွဲတော်ရက်ချိန် ရောက်တဲ့ ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတခုကို ပြောပြထားတာပါ။ အရမ်း စိတ်ဝင်စားဖို့ ကောင်းတဲ့အပြင်၊ ဘိုးဘိုးကြီးမှာ နတ်ကျား ရှိတယ် ဆိုတဲ့ ရှေးလူကြီးတွေ ပြောစကားနဲ့ ပတ်သက်ပြီး တကယ် ရှိ မရှိ ဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။