Pamphlet ၊ ပန်ဖလက် ကဗျာနှင့် စကားပြေ

ခွန်းညိုသွေး

1000 Kyats ကျပ်
အမှာစာကောက်နှုတ်ချက် ✅ ကျွန်တော်ရေးထားတဲ့ စာစုလေးတွေကို ပြန်ကြည့်လိုက်တော့ မရင့်မကျက် ဖရိုဖရဲ စာစုလေးတွေပါတယ်၊ စေ့စေ့သိပ်သိပ် စကားလုံးလေးတွေလည်း ပါတယ်၊ ကဗျာတွေ ကဗျာဆန်တဲ့ အက်ဆေးတွေ အက်ဆေးဆန်တဲ့ ဝတ္ထုတိုလေးတွေ စသည်ဖြင့် ဟိုတစ်စု သည်တစ်စုနဲ့ ပန်ဖလက်လေး တစ်ခုလိုမျိုး စိတ်ကူးထဲ မြင်ယောင်လာမိတာမို့ ဒီစာအုပ်ကို ‘ပန်ဖလက်’ လို့ နာမည်ပေးဖြစ်ပါတယ်။ ‘ပန်ဖလက်’ ကဗျာလေးတွေနဲ့ ခေတ်တစ်ခေတ် ဖြစ်ခဲ့ဖူးတာကိုလည်း ဆရာမြင့်ဦးဦးမြင့်က အမှတ်တရ အမှာချီးမြှင့် ပေးထားပါသေးတယ်။ ကျောင်းသားဘဝတုန်းကလို ကိုယ်နှစ်သက်ရာ စာတိုပေစလေးတွေကို ပန်ဖလက်လေးထဲ ရေးပြီး ဝေခဲ့သလိုမျိုး ယုံကြည်ရာ၊ ချစ်မက်ရာ၊ ငေးမောတမ်းတရာ ဆွတ်ပျံ့ဖွယ်ရာလေးတွေကို ဟိုတစ်စု၊ သည်တစ်စုနဲ့ ပန်ဖလက်လေး တစ်ခုအဖြစ် ချစ်ခြင်းအားဖြင့် လက်ကမ်းမျှဝေပါတယ်။