မြန်မာ့ဂန္ထဝင် လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတိုများ

ခွန်းချိုဆွေရည်

600 Kyats ကျပ်
‘မြန်မာ့ဂန္ထဝင် လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတိုများ’ မှာ ကွယ်လွန်သွားရှာပြီဖြစ်သော သမီးကြီး ခွန်းချိုဆွေရည် ရွေးချယ်စုဆောင်း စီစဉ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာစာပေလောကတွင် ‘လျှို့ဝှက်ဆန်းကြယ်’ ဝတ္ထုများကို မြန်မာစာရေးဆရာ အများစုက အခွင့်သင့်လျှင် သင့်သလို ရေးသားခဲ့ကြသည်။ ယခုတွင် မြန်မာစာရေးဆရာများ ရေးဖွဲ့ခဲ့သော လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတိုများကို တင်ပြထားခြင်း ဖြစ်သည်။ သမီးကြီး ခွန်းချိုဆွေရည်သည် ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်မောင်စံရှား ဝတ္ထုများကို စိတ်ဝင်တစား ဖတ်ရှုခဲ့ရာမှ ဆရာကြီး ရွှေဥဒေါင်း၏ လျှို့ဝှက်ဆန်းကြယ် ဝတ္ထုများကိုပါ ရှာဖွေ ဖတ်ရှုခဲ့သည်။ ဤသို့နှင့် အခြားသော မြန်မာစာရေးဆရာများ၏ လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတိုများ ဖတ်ရှုမိရာမှ ယခုစာစုကို ရွေးချယ်စီစဉ်ခဲ့ခြင်း ဖြစ်သည်။ - စာအုပ်အမှာစာမှ … ။