ဟန်နဲ့ပန်နဲ့သာသနာ့ အလံထူ ရွှေဂျိုးဖြူ

ခွန်သက်တင်ဆန်း

500 Kyats ကျပ်
...ဓာတ်နန်းအရှေ့တွင် ဇော်ဂျီအရုပ်နှင့် နဂါးမအရုပ်ထု လုပ်စဉ်အခါကလည်း“ဓာတ်နန်းရှေ့မှာ ဇော်ဂျီအရုပ်နဲ့ မိန်းမအရုပ်ထားတာ မကောင်းပါဘူး။ တပည့်တော် စိတ်ညစ်တယ် ဘုရား” “ဟဲ့ နန္ဒ ... နင်ဘာမှမသိဘဲ မတောက်တခေါက်လောက် တတ်တာနဲ့ ဘာမှလျှောက်မပြောနဲ့ … မင်းတို့ဉာဏ်တစ်မိုက် တစ်ထွာလောက်နဲ့ ငြင်းဖို့သန်ရင် မိုက်ရာကျမှာပေါ့ ... မင်းမနေချင်ရင် နန်းတော်ကျွန်းကို ပြန်၊ ဝိဇ္ဇာဂန္ဓာရီလမ်းနဲ့မှ အောင်မြင်မှာ ... ငါပြောတာ နားထောင်”နှစ်ရက်ခန့်အကြာ အဘိုးလေး သွေးအန်လေသည်။ အဘိုးက “နောက်ဆို ဆင်ခြင်ပါ ... မပြစ်မှားမိစေနဲ့ … ဒီဒေသမှာ ရွှေဂျိုးဖြူ မူလခဲသိုက်ရှိပြီး ကျိုက်ထီးရိုး စေတီသမိုင်းနဲ့လည်း ဆက်သွယ်မှုရှိတယ် … နဂါးတွေနဲ့လည်း ပတ်သက်မှုရှိတယ်”အဘိုးလေးလည်း အငြင်းပွားမှုကို ထပ်မံမပြောကြားဝံ့တော့ပါ။