အင်းစိန်နရသိန် ပစ္စန္တရစ်

ချိုနွယ်ဦး ၊ မာန် (တောင်လုံးပြန်)

800 Kyats ကျပ်
⚫ လူ့ဘဝမှာ အသက်တစ်ရာ မနေရပေမယ့် အမှုတစ်ရာ မဟုတ်တောင် တစ်မှုတလေတော့ ကြုံတွေ့ရတတ်ပါတယ်။ ကြုံတွေ့ရတိုင်းလည်း စိတ်မချမ်းသာစရာတွေကြီးပါပဲ။ လူတွေအမြင်မှာ အင်းစိန်ထောင်ဆိုတာနဲ့ မကောင်းတာတွေကိုပဲ မြင်ယောင်လေ့ရှိကြတယ်။ ဒီစာအုပ်ထဲမှာတော့ မကောင်းတာတွေချည်းသက်သက် ဖော်ပြထားတာမဟုတ်ပဲ ကောင်းတာတွေကိုလည်း ဖတ်ရမှာပါ။ ⚫ စာရေးဆရာနှစ်ယောက် ရေးသားတင်ပြထားတဲ့ ဒီစာအုပ်ထဲမှာ ရဲအချုပ်၊ တရားရုံး၊ ထောင် ဆိုတဲ့ အရှုပ်ထုပ် ထောင်ချောက်တွေကြားထဲ ကစဥ့်ကလျား ဖြစ်ကြရတဲ့ ဘ၀တွေကို မျှဝေခံစားရပါလိမ့်မယ်။ စာအုပ်ရဲ့ ဘယ်စာမျက်နှာကို ဆွဲလှန်ဖတ်မိသည် ဖြစ်စေ၊ စ လယ် ဆုံး လက်မချစတမ်း၊ မျက်နှာမခွာစတမ်း သဲသဲမဲမဲ ဖတ်မိသွားပါလိမ့်မယ်။