သရဲဘုရင်ရဲ့ ချစ်လှစွာသောဇနီးဆိုးလေး စာစဉ်-၉၀

ချိုသင်းမာ(ယွမ်လော့ဖုန်း)

500 Kyats ကျပ်
စာမြည်း ✅"တော်ဝင်သမားတော်ယွီ။ ငါမိဖုရားက ဧကရာဇ်ကို သုံးရက်အတွင်း ကံကုန်စေချင်တယ်" တော်ဝင်သမားတော်ယွီ လန့်ဖျပ်သွားပြီး ကြင်ရာတော်ချင်းကို တုန်လှုပ်ချောက်ချားသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ "ကြင်ရာတော်ချင်း။ မယ်မယ်..." မယ်မယ် ထပ်မစောင့်နိုင်ဘူးလား။ မှန်ပါတယ်။ ဧကရာဇ်၏ရောဂါအခြေအနေက ကြင်ရာတော်ချင်းနှင့် ဆက်စပ်မှု ရှိသည်။ ဧကရာဇ်၏ကျန်းမာရေးက ဧကရီဆုံးပါးသွားတည်းက ပိုဆိုးရွားခဲ့ပြီး အိပ်ရာထဲလဲသွားသည့်အထိ ဆိုးရွားခဲ့သည်။ ဧကရာဇ်က ကျန်းမာရေးကို သေချာဂရုစိုက်ခဲ့လျှင် ပြန်သက်သာနိုင်ချေရှိသည်။ တော်ဝင်သမားတော်အဖွဲ့၏ ခေါင်းဆောင် သမားတော်ယွီအားနည်းချက်ကို ကြင်ရာတော်ချင်းက ချုပ်ကိုင်ထား၍ သမားတော်ယွီက ကြင်ရာတော်၏လူယုံတော် ဖြစ်နေသည်။