သရဲဘုရင်ရဲ့ ချစ်လှစွာသောဇနီးဆိုးလေး စာစဉ်-၈၅

ချိုသင်းမာ(ယွမ်လော့ဖုန်း)

500 Kyats ကျပ်
စာမြည်း ✅ "ရှားလင်းကို ကူညီပေးမယ်လို့ ဘာအကြောင်းကြောင့် ကတိပေးလိုက်တာလဲ" "ငါ ခိုင်းစားလို့ရအောင် မျှော်လင့်ချက် ပေးလိုက်ရုံပါပဲ" အိုးလန်က ခုတင်အသေးစားလေးအပေါ် လဲလျောင်းလိုက်သည်။ "အဲဒီမိန်းမက ငါ့ယောင်းမ ဖြစ်ချင်တာလား။ ဟား ဟား ငါ့အစ်ကို ကောင်းကင်ဘုံအဆင့်မှာ ထိပ်တန်း သုံးယောက် စာရင်းဝင်ပဲ သူ့လို သာမန်မိန်းမက ငါ့အစ်ကိုနဲ့ ထိုက်တန်ပါ့မလား" "ဒါဆို အစ်ကို အိုးဖေးနဲ့ ထိုက်တန်တဲ့ မိန်းကလေးက ဘယ်လိုအရည်အချင်းမျိုး ရှိရမှာလဲ။ ဘယ်လိုမှ အစ်ကိုအိုးဖေးနဲ့ ထိုက်တန်မှာလဲ" အကြောင်းအရင်း ရှိ၍ လူငယ်လေးက ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။ အိုးဖေးက အနောက်ပိုင်း ပညာသင်ကျောင်းတော်၏ တပည့်မိန်းကလေးများ အတွက် အိပ်မက် မင်းသားလေး ဖြစ်သည်။ အိုးဖေးက ရုပ်ရည်က ကြည့်ကောင်းပြီး ပါရမီအထုံ ရှိသည်။