သူတောင်းစားဘဝမှ လူငယ်များ၏လမ်းပြကြယ်အဖြစ်သို့

ချမ်းငြိမ်း(ဟံသာဝတီ)

800 Kyats ကျပ်
ပိန်းပိတ်အောင် မှောင်မိုက်ကြမ်းတမ်းတဲ့ ဘဝထဲမှာမှ အမှောင်တကာ့အမှောင်ဆုံးကို အတင်းကာရော တိုးဝင်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့အကြောင်း။ သူ့ဘဝဟာ ဘယ်လာက်ကြမ်းတမ်းခဲ့သလဲဆိုရင် ဘုန်းကြီးကျောင်းက သံဃာတော်တွေရဲ့ ဆွမ်းခွက်တွေ၊ သပိတ်တွေကို ဆေးကြောရင်း ဆွမ်းကျန်ဟင်းကျန်လေးတွေစားရင်း ကြီးပြင်းခဲ့ရတဲ့အထိပါ။ ခက်ခဲခဲ့တဲ့ သူ့ဘဝအကြောင်းတရားတွေကပဲ သူ့နှလုံးသားကို ညစ်နွမ်းစေလို့ လမ်းမှားတွေကိုလည်း အကြိမ်ကြိမ်လျှောက်စေခဲ့တယ်။ အဲဒီလို လမ်းမှားလျှောက်ခဲ့ဖူးသူက တခြားသူမဟုတ်ပါဘူး။ လူငယ်တွေကြားမှာ အောင်မြင်မှုရထားတဲ့ ပရဟိတသမား စာရေးဆရာချမ်းငြိမ်း(ဟံသာဝတီ) ကိုယ်တိုင်ပါပဲ။ သူကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဘဝရဲ့ခါးသီးမှုတွေကြောင့် လမ်းမှားရောက်ခဲ့ရတာတွေကို သတိမူရင်း လောကဓံကိုအံတုကာ အောင်မြင်မှုတွေ ရယူခဲ့ပုံတွေကို လူငယ်တွေအတုယူနိုင်ဖို့ ရည်ရွယ်ရေးသားထားတဲ့ စာစုတိုလေးတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။ လူငယ်တွေအတွက် တကယ်ကိုအကျိုးများစေမယ့် စာအုပ်ဖြစ်လို့ အခုပဲဖတ်ရှုလိုက်ကြတော့နော်။