သုခမြေပုံ

ချမ်းမြေ့ဝင်း

1000 Kyats ကျပ်
ဒီစာအုပ်ဟာ၊ လူငယ်တွေကြားမှာ ‘ပေါက်’ သွားတဲ့ ‘ဂရုမစိုက်ခြင်းအနုပညာ’ စာအုပ်ကို ဘာသာပြန်ဆိုသူ (ကို) ချမ်းမြေ့ဝင်းရဲ့ ဒုတိယမြောက် ဘာသာပြန်လက်ရာ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီတခေါက် စာအုပ်ကတော့ ‘ပျော်ရွှင်မှု’ နဲ့ ပတ်သက်လို့ပေါ့။ ဒီစာအုပ်ဟာ - ခရီးသွားမှတ်တမ်းဆိုလည်း ဟုတ်တယ်။ - ပျော်ရွှင်ခြင်း ဆိုတာကို လေ့လာတဲ့ စာအုပ်ဆိုလည်း မမှားဘူး။ ထူးခြားချက်တော့၊ ဒီစာအုပ်ထဲမှာ ပျော်ရွှင်မှုကို ရှာဖွေ လေ့လာနေပေမယ့် မူရင်းစာရေးဆရာ အဲရစ်ဝိုင်နာဟာ ပျော်တတ်တဲ့သူတော့ မဟုတ်ဘူး။ အလကားနေရင်း စိတ်ညစ်နေသူ၊ စိတ်တိုနေသူ၊ စိတ်ပူနေတတ်သူ တယောက်ပါ။ ဒါကြောင့်လည်း သူ့ခရီးစဉ်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။ ဒီစာအုပ်ထဲမှာ - အခန်း (၁၀) ခန်းပါဝင်ပြီး - နိုင်ငံ (၁၀) နိုင်ငံအကြောင်း ဖတ်ရလိမ့်မယ်။ (ဗဟုသုတလည်း ရပါတယ်) - အဲ့ဒီနိုင်ငံတွေမှာ ဘယ်လို လူတွေကတော့ ဘယ်လိုပုံစံမ်ျိုးနဲ့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြသလဲ ? ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လို ခံယူထားကြသလဲ ? ဆိုတဲ့ ပျော်ရွှင်မှု နဲ့ ပတ်သက်တဲ့ ပုံရိပ်တွေ မြင်ရလိမ့်မယ်။ ဒီစာအုပ် ဖတ်ပြီးသွားတဲ့အခါမှာ - ပျော်ရွှင်မှုအကြောင်း ပိုပြီး နားလည်သွားမလား။ - မတူညီတဲ့နိုင်ငံတွေရဲ့ ယဉ်ကျေးမှုလူနေမှုစရိုက်ကို ပိုနားလည်သွားမလား။ - ဒါမှမဟုတ် - ရင်ထဲမှာ ဘာမှန်းမသိတဲ့ တခုခု ခံစားမိပြီး စွဲကျန်ရစ်ခဲ့မလား။ စာဖတ်သူအတွက် ဘယ်လို အကျိုးအမြတ် ရမလဲ ဆိုတာကတော့ စာဖတ်သူအပေါ်မှာပဲ မူတည်တာမို့ ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။